Pages

Wednesday, July 10, 2013

မြန်မာ MPU ကတ်များကို ယခုနှစ်ကုန်ပိုင်းတွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ စသည့် အာဆီယံ နိုင်ငံများတွင် စတင်အသုံးပြုနိုင်မည်

7.8.1
ဗဟိုဘဏ်ရှိ MPU ဒေတာစင်တာ-eleven


မြန်မာဘဏ်များက ထုတ်ဝေထားသော Debit ကတ်အမျိုးအစား MPU (Myanmar Payment Union) ကတ်များကို နိုင်ငံတကာတွင် အသုံးပြုနိုင်ရန် စီစဉ်နေပြီး ယခုနှစ်ကုန်ပိုင်းတွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ စသည့်အာဆီယံ နိုင်ငံများတွင် စတင်အသုံးပြု နိုင်မည်ဖြစ်ကြောင်း MPU အဖွဲ့ဝင် ကမ္ဘောဇဘဏ်မှ အကြီးတန်း အထွေထွေမန်နေဂျာ ဦးဇော်လင်းထွဋ်၏ ပြောကြားချက်အရ သိရသည်။
''တခြားနိုင်ငံက ကတ်တွေဒီမှာ သုံးလို့ရသလိုမျိုး ကိုယ့်နိုင်ငံက ကတ်တွေလည်း နိုင်ငံတကာမှာ သုံးလို့ရအောင် စီစဉ်နေပါတယ်။ ဒီနှစ်ကုန်ပိုင်းမှာ စသုံးလို့ရအောင် လုပ်နေပါတယ်။ နိုင်ငံအားလုံးမှာ သုံးနိုင်အောင် စီစဉ်နေတာဖြစ်ပြီး စစချင်းမှာတော့ အာဆီယံနိုင်ငံတွေ သုံးနိုင်မှာ ဖြစ်ပါတယ်'' ဟု ဦးဇော်လင်းထွဋ်က ဆိုသည်။
လက်ရှိ မြန်မာ MPU ကွန်ရက်တွင် နိုင်ငံတကာ ကတ်များဖြစ်သော တရုတ် CUP ကတ်နှင့် ဂျပန် JCB ကတ်တို့ ချိတ်ဆက် အသုံးပြုလျက်ရှိပြီး အဆိုပါ နိုင်ငံများရှိ ကွန်ရက်များတွင်လည်း မြန်မာ MPU ကတ်များ ချိတ်ဆက် အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် နိုင်ငံတကာ ငွေပေးချေကတ်များ ဖြစ်သောVisa နှင့် Master ကတ်တို့ကိုလည်း အသုံးပြုနိုင်ပြီး မြန်မာပုဂ္ဂလိက ဘဏ်အချို့နှင့် ချိတ်ဆက်ဝင်ရောက် ခဲ့ခြင်းဖြစ်သည်။ MPU အဖွဲ့ကို
 မြန်မာဘဏ်များ စုပေါင်း ဖွဲ့စည်းထားခြင်းဖြစ်ပြီး အစိုးရဘဏ် သုံးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ လက်ရှိအချိန်အထိ ပုဂ္ဂလိကဘဏ် ခုနစ်ဘဏ်ကသာ ၀န်ဆောင်မှု
ပေးလျက်ရှိပြီး ယခုရက်ပိုင်းအတွင်း ငွေစုဘဏ်စာရင်းနှင့် အေတီအမ်ကတ် စတင်ချိတ်ဆက် အသုံးပြုနိုင်ပြီ
ဖြစ်ကြောင်း သိရသည်။
အေတီအမ်ကတ်ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာတွင် စတင်အသုံးပြုခွင့် ပေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အီလက်ထရွန်နစ် ငွေပေးချေစနစ်ဖြစ်သည့် 
MPU (Myanmar Payment Union) ကတ်ကို Debit ကတ် အမျိုးအစားအနေနှင့် စတင် အသုံးပြုခွင့်
ပးခဲ့သည်။လက်ရှိ မြန်မာဘဏ်များမှ MPU ကတ်ထုတ်ဝေမှု ပမာဏမှာ ဇူလိုင် ၄ ရက် စာရင်းများအရ 
၁၆၁၆၀၁ ကတ် ထုတ်ပေးပြီး ဖြစ်သည်။ တစ်နိုင်ငံလုံး တပ်ဆင်ပေးထားသည့် အေတီအမ်စက်အလုံးရေမှာ
၂၇၅ စက်ဖြစ်ပြီး POS(Point of Sale) စက်ပေါင်း ၅၄၂ စက်တပ်ဆင်ထားပြီး ဖြစ်သည်။
Eleven - မှတဆင့်

No comments:

Post a Comment

ဝေဖန်အကြံပေးသွားကြပါဦးနော်