၁-၇-၂၀၁၃
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ယနေ့ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍
GSM နှင့် WCDMA(3G)စနစ်သုံး မိုဘိုင်းဖုန်းများမှ
နိုင်ငံခြားဖုန်းခေါ်ဆိုရန် FEC ငွေကဒ်များဖြည့်စရာမလိုတော့ဘဲ ၊
နိုင်ငံခြားခေါ်ဆိုခနှုန်းထားများအား မြန်မာကျပ်ငွေတမျိုးတည်းဖြင့်
ကောက်ခံတော့မည် ဖြစ်သောကြောင့် GSM/CDMA
ဖုန်းအားလုံးမှနိုင်ငံခြားသို့အလွယ်တကူခေါ်ဆိုနိုင်ပြီဖြစ်သည် ။ ယခင်
နိုင်ငံခြားခေါ်ဆိုရန်အတွက် အဖ်အီးစီ ငွေဖြည့်သွင်းထားသည်များအားလည်း
ယခင်နှုန်းထားတိုင်း အသုံးပြုခွင့် ရရှိမည်ဖြစ်ပြီး ၎င်းငွေလက်ကျန်
ကုန်ဆုံးမှသာ နိုင်ငံခြားခေါ်ဆိုခများအား
မြန်မာကျပ်ငွေဖြင့်ကောက်ခံသွားမည်ဖြစ်ပါသည်။ CDMA 800 နှင့် CDMA 450
မိုဘိုင်းဖုန်းများ၊ အော်တိုတယ်လီဖုန်းများ၏ နိုင်ငံခြားခေါ်ဆိုခမှာ
မူလအတိုင်း ပြောင်းလဲမှု မရှိသေးပဲ မကြာခင် ယခုကဲ့သို့ ပြောင်းလဲသွားမည်ပာု
သိရှိရပါသည်။
Ref: Elite
Also Credit to : myanmarmobileapp.com
No comments:
Post a Comment
ဝေဖန်အကြံပေးသွားကြပါဦးနော်