Pages

Sunday, June 30, 2013

Myanmar Unicode - Myanmar 3 လက်ကွက် ကျင့်လိုသူများအတွက် Whizzo Typing Tutor ( 1 MB )

၃၀-၆-၂၀၁၃


Myanmar Unicode - Myanmar 3 လက်ကွက် ကျင့်လိုသူများအတွက် Whizzo Typing Tutor ကို တင်ပေးလိုက်ပါတယ်.. အရင်က Myanmar Unicode - Myanmar 1, Myanmar 2 နဲ့ Myanmar 3 တွေကို အစိုးရဌာနတွေမှာသာ အသုံးပြုခဲ့ပါတယ်.. Google ဥက္ကဋ္ဌ မြန်မာနိုင်ငံကို လာပြီးတဲ့နောက် Google က မြန်မာ Unicode ကို အသုံးပြုလာခဲ့ပါတယ်. အစိုးရဌာနတွေရဲ့ Web Page တွေအားလုံးမှာလည်း Myanmar 3 Unicode ကိုပဲသုံးပါတယ်.. နောက် အစိုးရဌာနတွေရဲ့ ရုံးသုံးစာတွေအားလုံးကို Myanmar 3 ပဲ အသုံးပြုနေတာဖြစ်တဲ့အတွက် DTP သမားတွေ၊ စာစီစာရိုက်လုပ်ငန်းနဲ့ စီးပွားရေးလုပ်နေသူတွေ၊ အစိုးရဝန်ထမ်းတွေ ဟာ Myanmar 3 ကို မရိုက်တတ်လို့မရတော့လောက်အောင် အရေးပါလာပါတယ်.. ဒါကြောင့် Myanmar 3 Unicode ရဲ့ ကီးဘုတ်ကို လေ့ကျင့်လို့ရအောင် Whizzo က ထုတ်လုပ်တဲ့ Whizzo Typing Tutor ကို တင်ပေးလိုက်ပါတယ်ခင်ဗျာ...
 

မူရင်းဆိုက် Myanmar IT Helper ကနေပြန်လည်ကူးယူဖော်ပြခြင်းသာဖြစ်ပါတယ်ခင်ဗျား

တောဆင်ရိုင်း ၀င်ရောက်ဖျက်ဆီးခဲ့သဖြင့် ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ

နေပြည်တော်၊ ဇွန် ၃၀ 

၂၉-၆-၂၀၁၃ ရက်နေ့ ၀၂၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ အရှေ့ဘက်(၁၅)မိုင်ခန့်အကွာ၊ ကုန်းပေါ်တန်းကျေးရွာအတွင်းသို့ တောဆင်ရိုင်းတစ်ကောင် ၀င်ရောက်ကာ ရွာအတွင်းရှိ တဲ(၂)လုံးအား ဖျက်ဆီးခဲ့သည်။ ထိုသို့ဝင်ရောက်ဖျက်ဆီးမှုကြောင့် ၄င်းရွာနေ စိုးမင်းဝင်း (ခ)ကုလား(၂၇)နှစ်မှာ ဆင်နင်းခံရမှုကြောင့် ၀မ်းဗိုက်ဖူးရောင်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ မစိုးစိုး(၂၅)နှစ်တွင် ခန်္ဓာကိုယ်အောက်ပိုင်း၊ ခြေသလုံး၊ ပေါင်တို့တွင် ဆင်နင်းခံရမှုကြောင့် သတိ မေ့မြောကာ သားဖြစ်သူ မောင်ချစ်မိုးဦးတွင် ၀ဲပါး၊ ၀ဲနားထင်ပွန်း ဒဏ်ရာများရရှိခဲ့ကာ တောဆင်ရိုင်းမှာ ရွာအတွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများအား တိုက်ကြီးဆေးရုံသို့ တင်ပို့ ကုသ၍ ဥက္ကံနယ်မြေရဲစခန်းသေမှုသေခင်းအမှတ်စဉ်
(၄/၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။


ရဲဇာနည် ဖေ့ဘုတ်စာမျက်နှာမှ

အိမ်၊ ခြံ၊ မြေ ဈေးကစားသူများကြောင့် စီမံကိန်း နေရာများ မထုတ်ပြန်ရဲဟု သမ္မတရုံးဝန်ကြီးဆို

နေပြည်တော်၊ ဇွန် ၂၉

ရန်ကုန် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များ၏ ဈေးကစားမှု ရန်ကြောင့် အစိုးရ၏ စီမံကိန်း လုပ်ငန်း နေရာများကို အမှန်အတိုင်း မထုတ်ပြန်ရဲကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ပြောကြားသည်။
နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် အစိုးရအဖွဲ့မှ ဝန်ကြီးအချို့နှင့် ပြည်တွင်းပြည်ပ မီဒီယာများ တွေ့ဆုံပွဲတွင် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

စက်မှုဇုန် စီမံကိန်း၊ အိမ်ရာစီမံကိန်း၊ လေဆိပ် စီမံကိန်းစသည့် စီမံကိန်း သတင်းများကြောင့် ယင်းစီမံကိန်း ဧရိယာဝန်းကျင် အနီးရှိ မြေယာဈေးများ အဆမတန် မြင့်တက်သွားလေ့ ရှိကြောင်း၊ အဆိုပါ ကိစ္စရပ်များမှာ မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြားတွင် အစိုးရစီမံကိန်း ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး အမြဲတမ်း ဖြစ်ပေါ်လေ့ ရှိသဖြင့် အစိုးရ စီမံကိန်းများကို အမှန်အတိုင်း မကြေညာဝံ့ကြောင်း သမ္မတရုံးဝန်ကြီးက ပြောကြားသည်။


“စီမံကိန်းက တောင်မှာလုပ်မယ်ဆို မြောက်လို့ ပြောနေရတယ်။ ခု ဒလဆိုလည်းကြည့် မြေဈေးတွေ အဆမတန် တက်ကုန်တယ်။ အဲဒါကြောင့် စီမံကိန်း နေရာကို အမှန်အတိုင်း မပြောရဲတော့ဘူး” ဟု ဦးစိုးသိမ်းက ဆိုသည်။လတ်တလော ကာလတွင်  ညောင်တုန်းမြို့ အနီးတစ်ဝိုက် စက်မှုဇုန် 
တည်ထောင်မည်ဆိုသည့် သတင်းများကြောင့် မြေဈေးများ မြင့်တက်နေကြောင်း ပြည်တွင်း သတင်းထောက်တစ်ဦးက အဆိုပါ တွေ့ဆုံပွဲတွင် ထောက်ပြခဲ့သည်။


ညောင်တုန်းမြို့တွင် ဘဏ်ခွဲသစ်နှစ်ခု လတ်တလော ဖွင့်လှစ်ခဲ့ပြီး စက်မှုဇုန်သစ်တစ်ခု တည်ထောင်မည် ဆိုသည့် သတင်းများ ထွက်ပေါ်နေကြောင်း အဆိုပါ သတင်းထောက်က ပြောကြားခဲ့ကာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းက အဆိုပါ သတင်းများ မဟုတ်မှန်ကြောင်း ငြင်းဆန်ခဲ့သည်။
“လောလောဆယ်တော့ ညောင်တုန်းမှာ စက်မှုဇုန် စီမံကိန်း မရှိသေးပါဘူး။ အဲဒီကိစ္စ ကျွန်တော်တို့ ဘာမှပြောထားတာ မရှိဘူး” ဟု ဒေါက်တာပွင့်ဆန်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် မြို့သစ်စီမံကိန်း စတင်မည်ဆိုသည့် သတင်းများနှင့် ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်မည့် စီမံကိန်းများကြောင့် ဒလမြို့နှင့် ယင်းမြို့ အနီးရှိ မြေယာ ဈေးနှုန်းများမှာ အဆမတန် မြင့်တက်ခဲ့သည်။

Ref:The Voice

ပြင်ဦးလွင်မြို့လယ်တွင် ယနေ့နေ့လည်ကပေါက်ကွဲမှုဖြစ်ပွား

၃၀-၆-၂၀၁၃


ပြင်ဦးလွင်မြို့လယ်တွင် ယနေ့နေ့လည် ၁ နာရီခွဲခန့်ကပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းပြင်ဦးလွင်ဒေ
သခံများထံမှသိရှိရသည်။ ပြင်ဦးလွင်မြို့ လားရှိုး-မန္တလေးလမ်းနှင့် ၈ပေခန့်အကွာ ဈေးလေးအနီးနေမင်း
ဂျုံစက်အရှေ့ဘက်တွင်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်တွင်ကပ်ထားသည့် ဗုံးမှပေါက်ကွဲခဲ့သည်   ဟုယူ
ဆရကြောင်း ၊ ပေါက်ကွဲမှုကြောင့် တပ်ကြပ်ကြီးတစ်ဦးနှင့် ဗိုလ်လောင်းသင်တန်းသားတစ်ဦး    ထိခိုက်ခဲ့
ကြောင်း၊ ဆိုင်ကယ်မှာရစရာမရှိအောင်စုတ်ပြတ်သွားကြောင်းမျက်မြင်တွေ့ရှိသူများကပြောကြားသည်။

အုန်းဆိုအသံအကျယ်ကြီးကြားရတယ်။ ကျွန်တော့ရှေ့တွင်ဖြစ်သွားတာ။ ထိခိုက်သူတွေကိုလူနာတင်ကား
နဲ့ခေါ်သွားတာတွေ့တယ်။ ဗုံးကဆိုင်ကယ်မှာကပ်ထားပုံရတယ်။ တခြားထိခိုက်တာတော့မတွေ့ဘူး။ တပ်
ကြပ်ကြီးက နောက်စိကိုထိသွားတာတွေ့တယ်ဟု ပြင်ဦးလွင်ဒေသခံ ကိုနေမျိုးကပြောသည်။


ref : popular Myanmar News Journal

ကာရာအိုကေ၀ါသနာရှင်တွေအတွက်

30-6-2013

အဆိုဝါသနာရှင်ဘော်ဘောတွေအတွက်ပါ Siglos Karaoke Professional version-1.2.39/Window OS အတွက်ထုတ်လုပ်ထားတာဖြစ်ပါတယ်
စာသားပါဝင်တဲ့သီချင်းတွေကို သီးသန့် Lyric ဖော်ပြပေးနိုင်ပါတယ်။ တခြား Function တွေလည်းအများကြီးပါဝင်ပြီး အကောင်းဆုံးလို့သတ်မှတ်ခံရ
တဲ့ Karaoke Software တွေထဲကတစ်ခုလို့သိရပါတယ်၊ ၀ယ်ယူမယ်ဆိုရင် 99.0 $ ဖြစ်ပြီးဒီမှာတော့လင့်ခ်မသေခင်ပြေးဒေါင်းလိုက်ပါဗျာ
Full Versin ဖြစ်ပါတယ်။

၁.ဒီနေရာကိုကလစ်နှိပ်ပါ    ၂.မရရင်ဒီကိုနှိပ်ပါ

မူရင်းဆိုက်-http://www.mmithelper.com ကို Credit ပေးပါတယ်ဗျာ

အားလုံးအဆင်ပြေကြပါစေခင်ဗျာ..............ငွေထွန်း