Pages

Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Wednesday, September 4, 2013

ဘုရားရှင်၏အံ့ဖွယ်တော် ၁၈ ပါး



(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရြှိုခင်း။

(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။

(၃) တောထွက်တော်မူစဉ်ကပယ်ဖြတ်မူသောဆံတော်သည်လက်နှစ်သစ်မျှသာတစ်သက်ပတ်လုံး တည်တော်မူခြင်း။

(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။

(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။

(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။

Wednesday, July 31, 2013

အမျိုးဘာသာသာသနာ ကာကွယ် စောင့်ရှောက်ရေးအဖွဲ့(ထိုင်းနိုင်ငံ) ၏ အလှုတော်

ဗုဒ္ဓဂုဏ်ရည်ဆရာတော်အရှင်အဂ္ဂဓမ္မ ဦးဆောင်၍ အမျိုးဘာသာအတွက် အသက်ပေး လျှင် ပေးရပါစေ ဆိုသောစိတ်ထားဖြင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ် သမားများက စုပေါင်းကာ ကြိုးစား။ စိတ်ဓါတ်ရင့် ကျက် ကြ သကဲ့ သို့  လုပ်ရပ် ထက်မျက်ကြ သူများဖြင့် ဖွဲ့စည်းခဲ့သော အမျိုးဘာသာ သာသနာကာကွယ် စောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ခေါင်းဆောင်ဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပေသည် ။
အဖွဲ့ဝင်များကလည်း စည်းလုံးညီညွတ်စွာ အမျိုး သားအဖွဲ့ အမျိုးသမီးအဖွဲ့ ။ ဖွဲ့စည်းသည့်နေကစ၍ ဘာသာရေး သာသနာရေး အမျိုးသားရေးများကို အားသွန်ခွန်စိုက် လုပ်ကိုင်ဆောင် ရွက် နေကြ ပြီဖြစ်ပေသည် ။
အထူးအလှုတော်အဖြစ် အမျိုးဘာသာသာသနာ ကာကွယ်စောင်ရှောက်ရေး အဖွဲ့ သားများကဆင်းရဲသော မြန်မာလူမျိုးများနေထိုင်ရာ ကျေးရွာများသို့ပေးလှုနေပါသည် ။ဆင်းရဲသော လူပုဂ္ဂိုလ် မည်သူမဆိုအဓီကရှာဖွေ ပေးအပ် လှုဒါန်း မှာဖြစ်ပြီး ဘာသာပြန် လည်ပြု ရေးမဟုတ်ပဲ မေတ္တာသက်သက် နှောင်ကြိုးမဲ့ကုသိုလ်ဖြစ်ရေးအတွက် ပေးဆက် လှုဒါန်းနေပြီဖြစ်ပါသည်။ မှော်ဘီ ပုရွက်ဆိပ်ကုန်းကျေးရွာ ၊ ကရင်ရေသိုးကျေးရွာ များသိုပေးလှုပြီးဖြစ်ပါသည် ။ဆက်လက်လှုဒါန်နေမည်ဖြစ်ပါသည် ။

အရှင်အဂ္ဂဓမ္မ (နိက္ခမ)B.Sc(Zoology)
ဗုဒ္ဓဂုဏ်ရည်ဝိပဿနာရိပ်သာ
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့၊
ကရင်ရေသိုးကျေးရွာ ၊ဆပ်သွားတောအုပ်စု ၊ မှော်ဘီမြို့။
ဖုံး - ၀၉၇၃၇၉၀၆၉၈ ၊ ၀၉၅၀၇၄၆၄၅


ဆရာတော်အရှင်အဂ္ဂဓမ္မ၏ဖေ့ဘုတ်မှဖြစ်ပါသည်။

Saturday, July 20, 2013

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့



ဝါဆိုလပြည့်ဆိုတာ မြန်မာတွေအတွက် အရေးပါလှတဲ့ နေ့ လေးတစ်နေ့ ပါ။ ကျေးဇူးတော်ရှင်ဂေါတမမြတ်စွာဘုရား တရားဦးဟောကြားခဲ့သော ဓမ္မစင်္ကြာတရားကြောင့် ဗုဒ္ဓအလင်းရောင်တွေ ထိန်လင်းခဲ့ပါတယ်။ ဓမ္မစင်္ကြာ အခါတော်နေ့ဟာ သစ္စာလေးပါးနဲ့  အမှန်တရားကို ဟောပြ ခဲ့တဲ့ နေ့ထူးနေ့မြတ်လေးပါ။


(၁) ပဋိသန္ဓေတည်သည့်နေ့ -မဟာသက္ကရာဇ်-၆၇၊ ဝါဆိုလပြည့် (ကြာသပတေးနေ့ )

(၂ ) တောထွက်သည့်နေ့ - မဟာသက္ကရာဇ်-၉၇၊ ဝါဆိုလပြည့် (တနင်္လာနေ့ )

(၃) ဓမ္မစင်္ကြာတရားဦးဟောနေ့ - မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ့ )

(၄) သောတာပန်လူသားစပေါ်သည့်နေ့ -မဟာသက္ကရာဇ်-၁၀၃၊ဝါဆိုလပြည့် (စနေနေ့ )

(၅) သံဃာရတနာစပေါ်သည့်နေ့ - မဟာသက္ကရာဇ်-၁၀၃၊ဝါဆိုလပြည့် (စနေနေ့ )

ဝါဆိုလပြည့်နေ့ ရာဇ၀င်
------------------------
ဟိုးရှေးရှေးတုန်းက... မြတ်စွာဘုရားလက်ထက်မှာ ရဟန်းသင်္ဃာအများစုသည် မိုးတွင်းကာလမှာ စိုက်ပျိုးထားသည့် စပါးခင်းများထဲကို ဖြတ်သန်းလေ့ရှိတာကြောင့် စပါးခင်းတွေ ပျက်ဆီးခဲ့ရပါသည်။ အဲဒီအကြောင်းကို ရွာသူရွာသားများက မြတ်စွာဘုရားကို တိုင်ကြားကြပါသည်။ မြတ်စွာဘုရားသည် စပါးပင်တဲ့စိုက်တဲ့အချိန်ကနေ စ၍ စပါးပင်တွေ မှည့်တဲ့ အချိန်ထိတိုင်အောင်.. ရဟန်းသင်္ဃာများကို မိမိသီတင်းသုံးနေသောကျောင်းမှ ဘယ်နေရာကိုမှ ညအိပ်ညနေသွားခွင့်မရှိပဲနဲ့ မိမိကျောင်းမှာပဲ သီတင်းသုံးကာ တရားအားထုတ်ဖို့  အချိန်သုံးလသတ်မှတ်ခဲ့ပါသည်။ ထိုကာလကို ၀ါတွင်းသုံးလလို့  ခေါ်ပါသည်။ အဲဒါကြောင့်မို့ ဒီဝါတွင်း သုံးလအတွင်းမှာ ရဟန်းသင်္ဃာများဟာ ဘယ်မှဝေးဝေးလံလံ မသွားပဲနဲ့  ကိုယ့်ကျောင်းမှာပဲ တရားဒေသနာများကို သင်ချအားထုတ် လေ့လာ ဆည်းပူးနိုင်ပါသည် လို့ စည်ကမ်းသတ်မှတ်ခဲ့ပါသည်။

ဝါဆိုသင်္ကန်း
-------------
ဝါဆိုသင်္ကန်း- ဆိုတာ ၀ါတွင်းကာလ(မိုးကာလ)၌ မိမိတို့ကျောင်းအသီးသီးတွင် သီတင်းသုံးနေထိုင်သည့် သံဃာတော်များအား လှူဒါန်းသည့်သင်္ကန်းလို့ ပြောနိုင်မယ်ထင်ပါသည်။ ဘုရားရှင် ဟောကြားတဲ့ ပါဠိတော်များမှာ ၀ါဆိုသင်္ကန်းကို ၀ဿာဝါသိက သာဋိက-လို့ ဟောထားပါသည်။ ပါဠိအင်္ဂလိပ်အဘိဓာန်မှာတော့ a cloak for use in the rainy season- လို့ဖွင့်ပါသည်။ တိပိဋက ပါဠိအဘိဓာန်က ၀ဿာဝါသိက- မိုးကာလ၌ နေလေ့ရှိသော ရဟန်း သာဋိက-အ၀တ်(သင်္ကန်း) - မိုးကာလ၌ မိမိတို့ကျောင်းတွင် နေလေ့ ရှိသောရဟန်းတို့အား ပေးလှူအပ်သော သင်္ကန်းလို့ ဖွင့်ပါသည်။
ဝါမဆိုမီကာလမှာ ၀ါဆိုသင်္ကန်းကို ကပ်လှူလေ့ရှိသည်။ ၀ါတွင်းကာလမှာ အရင်ကထက်ပိုလို့ စာသင်စာချ(ပရိယတ်) တရားထိုင်တရားပြ(ပဋိပတ်) လုပ်တဲ့သံဃာတော်တွေကို ၀ါဆိုသင်္ကန်းဆိုပြီး ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေက လှူဒါန်းကြပါသည်။

အင်းလေးမီဒီယာ  ၏ဖေ့ဘုတ်စာမျက်နှာမှပိုစ့်ကိုပြန်ရှယ်ပါသည်