ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့
ဝါဆိုလပြည့်ဆိုတာ မြန်မာတွေအတွက် အရေးပါလှတဲ့ နေ့ လေးတစ်နေ့ ပါ။ ကျေးဇူးတော်ရှင်ဂေါတမမြတ်စွာဘုရား
တရားဦးဟောကြားခဲ့သော ဓမ္မစင်္ကြာတရားကြောင့် ဗုဒ္ဓအလင်းရောင်တွေ
ထိန်လင်းခဲ့ပါတယ်။ ဓမ္မစင်္ကြာ အခါတော်နေ့ဟာ သစ္စာလေးပါးနဲ့  အမှန်တရားကို
ဟောပြ ခဲ့တဲ့ နေ့ထူးနေ့မြတ်လေးပါ။
(၁) ပဋိသန္ဓေတည်သည့်နေ့ -မဟာသက္ကရာဇ်-၆၇၊ ဝါဆိုလပြည့် (ကြာသပတေးနေ့ )
(၂ ) တောထွက်သည့်နေ့ - မဟာသက္ကရာဇ်-၉၇၊ ဝါဆိုလပြည့် (တနင်္လာနေ့ )
(၃) ဓမ္မစင်္ကြာတရားဦးဟောနေ့ - မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ့ )
(၄) သောတာပန်လူသားစပေါ်သည့်နေ့ -မဟာသက္ကရာဇ်-၁၀၃၊ဝါဆိုလပြည့် (စနေနေ့ )
(၅) သံဃာရတနာစပေါ်သည့်နေ့ - မဟာသက္ကရာဇ်-၁၀၃၊ဝါဆိုလပြည့် (စနေနေ့ )
ဝါဆိုလပြည့်နေ့ ရာဇ၀င်
------------------------
ဟိုးရှေးရှေးတုန်းက... မြတ်စွာဘုရားလက်ထက်မှာ ရဟန်းသင်္ဃာအများစုသည်
မိုးတွင်းကာလမှာ စိုက်ပျိုးထားသည့် စပါးခင်းများထဲကို
ဖြတ်သန်းလေ့ရှိတာကြောင့် စပါးခင်းတွေ ပျက်ဆီးခဲ့ရပါသည်။ အဲဒီအကြောင်းကို
ရွာသူရွာသားများက မြတ်စွာဘုရားကို တိုင်ကြားကြပါသည်။ မြတ်စွာဘုရားသည်
စပါးပင်တဲ့စိုက်တဲ့အချိန်ကနေ စ၍ စပါးပင်တွေ မှည့်တဲ့ အချိန်ထိတိုင်အောင်..
ရဟန်းသင်္ဃာများကို မိမိသီတင်းသုံးနေသောကျောင်းမှ ဘယ်နေရာကိုမှ
ညအိပ်ညနေသွားခွင့်မရှိပဲနဲ့ မိမိကျောင်းမှာပဲ သီတင်းသုံးကာ တရားအားထုတ်ဖို့ 
အချိန်သုံးလသတ်မှတ်ခဲ့ပါသည်။ ထိုကာလကို ၀ါတွင်းသုံးလလို့  ခေါ်ပါသည်။
အဲဒါကြောင့်မို့ ဒီဝါတွင်း သုံးလအတွင်းမှာ ရဟန်းသင်္ဃာများဟာ ဘယ်မှဝေးဝေးလံလံ
မသွားပဲနဲ့  ကိုယ့်ကျောင်းမှာပဲ တရားဒေသနာများကို သင်ချအားထုတ် လေ့လာ
ဆည်းပူးနိုင်ပါသည် လို့ စည်ကမ်းသတ်မှတ်ခဲ့ပါသည်။
ဝါဆိုသင်္ကန်း
-------------
ဝါဆိုသင်္ကန်း- ဆိုတာ ၀ါတွင်းကာလ(မိုးကာလ)၌ မိမိတို့ကျောင်းအသီးသီးတွင်
သီတင်းသုံးနေထိုင်သည့် သံဃာတော်များအား လှူဒါန်းသည့်သင်္ကန်းလို့
ပြောနိုင်မယ်ထင်ပါသည်။ ဘုရားရှင် ဟောကြားတဲ့ ပါဠိတော်များမှာ
ဝါဆိုသင်္ကန်းကို ၀ဿာဝါသိက သာဋိက-လို့ ဟောထားပါသည်။
ပါဠိအင်္ဂလိပ်အဘိဓာန်မှာတော့ a cloak for use in the rainy season-
လို့ဖွင့်ပါသည်။ တိပိဋက ပါဠိအဘိဓာန်က ၀ဿာဝါသိက- မိုးကာလ၌ နေလေ့ရှိသော ရဟန်း
သာဋိက-အ၀တ်(သင်္ကန်း) - မိုးကာလ၌ မိမိတို့ကျောင်းတွင် နေလေ
့ရှိသောရဟန်းတို့အား ပေးလှူအပ်သော သင်္ကန်းလို့ ဖွင့်ပါသည်။
ဝါမဆိုမီကာလမှာ ၀ါဆိုသင်္ကန်းကို ကပ်လှူလေ့ရှိသည်။ ၀ါတွင်းကာလမှာ
အရင်ကထက်ပိုလို့ စာသင်စာချ(ပရိယတ်) တရားထိုင်တရားပြ(ပဋိပတ်)
လုပ်တဲ့သံဃာတော်တွေကို ၀ါဆိုသင်္ကန်းဆိုပြီး ကျွန်တော်တို့
ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေက လှူဒါန်းကြပါသည်။
အင်းလေးမီဒီယာ ၏ဖေ့ဘုတ်စာမျက်နှာမှပိုစ့်ကိုပြန်ရှယ်ပါသည်
No comments:
Post a Comment
ဝေဖန်အကြံပေးသွားကြပါဦးနော်