Pages

Friday, July 5, 2013

ကွန်ပြူတာသုံးမောက်စ်တီထွင်သူကွယ်လွန်ရှာပြီ

၅-၇-၂၀၁၃


ကွန်ပြူတာတွင်ယနေ့အသုံးပြုနေသောမောက်စ်တို့ကိုတီထွင်ခဲ့သော ဒေါက်တာအိန်ဂျယ်ဘတ်သည် အသက် ၈၈ နှစ်အရွယ်တွင်ကွယ်လွန်သွား
ခဲ့ပြီဖြစ်ကြောင်းကိုဇူလိုင် ၃ ရက် အေဘီစီသတင်းဝက်ဘ်ဆိုက်၊ ဘီဘီစီသတင်းတို့ကဖေါ်ပြခဲ့ကြသည်။

အိန်ဂျယ်ဘတ် သည် ၁၉၆၀ ပြည့်နှစ်များက ယခုကဲ့သို့မောက်စ်များကိုကျယ်ကျယ့်ပြန့်ပြန့်အသုံးမပြုမီကပင် သတ္တုဘီးငယ်နှစ်ခုကိုဖုံးအုပ်ထားသည့်
သစ်သားဖုံးပါသည့်မောက်စ်ကိုစတင်တီထွင်အသုံးပြုခဲ့သူဖြစ်သည်။

အီးမေးလ်တီထွင်အသုံးပြုခြင်း၊ ဗွီဒီယိုကွန်ဖရင့်ပြုလုပ်ခြင်းတို့ကိုလည်းကယ်လီဖိုးနီးယားပြည်နယ်
တွင်သုတေသနပြုခဲ့သူဖြစ်သည်။ သူသည် အော်ရီဂွန်ပြည်နယ်တက္ကသိုလ်တွင်လျှပ်စစ်အင်ဂျင်နီယာ
ဘာသာရပ်နှင့်သင်ယူလေ့လာခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်းရေဒါပညာရှင်အဖြစ်တာဝန်
ထမ်းဆောင်ခဲ့ပါသည် ။

Ref : BBC
Ref : abcnews

No comments:

Post a Comment

ဝေဖန်အကြံပေးသွားကြပါဦးနော်