Pages

Saturday, July 6, 2013

မုပ္ပလင်ကျေးရွာ၊ဘိုတဲကုန်းရပ်ကွက်တွင် ရှေးဟောင်းငွေဒင်္ဂါးပြားများ တူးဖော်ရရှိ


၃-၇-၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန်ခန့် မုပ္ပလင်ကျေးရွာ၊အိမ်တော်ကုန်းရပ်ကွက်နေ  
 ဒေါ်ကျင်အေး(ခ)မကတုံးမ(၃၉)နှစ်၊(ဘ)ဦးအောင်သန်း၊ဗမာ/ဗုဒ္ဓ သည် နေမကောင်းသဖြင့် 
ဘိုတဲကုန်းရပ်နေ ကိုသန်းထိုက်(၂၅)နှစ်၊(ဘ)ဦးအောင်သိန်း၊ဗမာ/ဗုဒ္ဓ ၏ နေအိမ်သို့ ဆေးသွားယူပြီးအပြန်
ကိုသန်းထိုက်     ၏နေအိမ်ရှေ့ရေမြောင်းထဲ၌ အဖုံးမပါ မြေအိုးဟောင်းတစ်လုံး၏ နှုတ်ခမ်းဝပေါ်နေပြီး အထဲမှအဖြူရောင်သတ္တုပြား(၂)ပြားမှာ မြေပေါ်သို့ ကျနေသည်ကိုတွေ့ရ၍ဦးသန်းထိုက်၏ဇနီး
 မဖြူဖြူဝင်းအားခေါ်ယူပြီး   ၄င်းတို့နှစ်ဦးမှ မြေအိုးအားဖော်ကြည့်ရာ မြေအိုးထဲမှ
အဖြူရောင်အချင်း(၂)စင်တီမီတာမှ(၂.၅)စင်တီမီတာခန့်၊အထူ(၂)မီလီမီတာခန့်၊ ပျမ်းမျှ(၃)ပြား
(၁)ကျပ်သားခန့်ရှိ ငွေသတ္တုဟုယူဆရသော သတ္တုပြား(၂၃၂)ပြားတွေ့ရှိခဲ့ပြီ  ထိုသတ္တုပြားရရှိကြောင်း
ဆွေမျိုးအချို့အားပြောပြပြီးရေးဆေးနေစဉ် မဖြူဖြူဝင်း၏အစ်ကို ကိုကျော်စွာဝင်းနှင့်ဒေါ်စိန်အေးတို့ရောက်ရှိလာပြီးဆက်လက်တူးဖော်ကြရာ ကျော်စွာဝင်းမှာ အဖြူရောင်သတ္တုပြား(၂၀)ခုနှင့်
ငွေဟုယူဆရသောအဖြူရောင်သတ္တုတုံး(၂)တုံး(စုစုပေါင်းအလေးချိန်၇၀ ကျပ်သားခန့်)၊
ဒေါ်စိန်အေးမှာ ငွေဟုယူဆရသောအဖြူရောင်သတ္တုတုံး(၂)တုံး
(စုစုပေါင်းအလေးချိန် ၁ ပိသာခန့်)ရရှိခဲ့ကြောင်း၊သတ္တုပြား၏ပုံသဏ္ဍာန်မှာ
မျာက်နှာပြင်တစ်ဘက်တွင် ခရုသင်းပုံသဏ္ဍန်ဖောင်းကြွစက်ဝိုင်းနှင့်ပတ်လည်တွင်အစက်(၂၄)စက်ပါရှိပြီးနောက်တစ်ဘက်မျာက်နှာပြင်တွင် ဆူးခက်အတွင်း တြိဂံပုံနှင့် အစက်လခြမါးပုံများပါရှိကြောင်း သတင်းရရှိပါသည်။
K P F
အွန်လိုင်း ကျိုက်ထို သတင်း ဂျာနယ်  မှပြန်လည်ကူးယူဖေါ်ပြသည်

No comments:

Post a Comment

ဝေဖန်အကြံပေးသွားကြပါဦးနော်