Pages

Thursday, August 29, 2013

ပထမဆုံးအင်တာနက်ဖြင့်စိတ်ခြင်းဆက်သွယ်ထိန်းချုပ်ခြင်း

သုတေသနပညာရှင်နှစ်ဦး စိတ်ချင်းပေါင်းစပ်၍ခိုင်းစေခြင်းဖြစ်နိုင်ချေကို စမ်းသပ်သရုပ်ပြစဉ်
Credit : University Of Washington

သြဂုတ်လ ၁၇ ရက်နေ့က ၀ါရှင်တန်တက္ကသိုလ်၊ ကွန်ပြူတာသိပ္ပံဌာနက သိပ္ပံပညာရှင် Rajesh Rao donned နှင့် Stocco တို့စမ်းသပ်လုပ်ဆောင်ပြသသွားခဲ့တာဖြစ်ပါတယ်။ အဲဒါကတော့ လူတစ်ယောက်ရဲ့
ဦးနှောက်ကထွက်ရှိတဲ့အချက်ပြလှိုင်းများကိုအင်တာနက်ဖြင့်ပေးပို့ပြီး အခြားလူတစ်ယောက်ရဲ့ရွေ့လျား
မှုများကို ထိန်းချုပ်စေခြင်းပဲဖြစ်ပါတယ်။

ဒီလိုသရုပ်ပြစမ်းသပ်မှုဟာ ဦးနှောက်နှစ်ခုအကြားတိုက်ရိုက်အပြန်အလှန်ဆက်သွယ်တုံ့ပြန်ခြင်းအတွက်
ပထမဆုံးစမ်းသပ်ချက်ပါ။ " အင်တာနက်ဟာ ကွန်ပြူတာတွေအကြားဆက်သွယ်ပေးပါတယ်, အခုတော့
ဦးနှောက်တွေအကြားဆက်သွယ်နိုင်ဖို့မကြာခင်ဖြစ်လာတော့မှာပါ " လို့ ၀ါရှင်တန်တက္ကသိုလ်က သုတေ
သနပညာရှင် Andrea Stocco ကပြောပါတယ်။

သူဟာယခုစမ်းသပ်မှုမှာကိုယ်တိုင်ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ " ကျွန်တော်တို့က ဦးနှောက်ခြင်းအပြန်အ
လှန်ဆက်သွယ်စေပြီး အတွေ့အကြုံတွေ ဗဟုသုတတွေဖလှယ်နိုင်တဲ့ထိ ကြိုးစားနေတာဗျ " လို့လည်း
ပြောပါသေးတယ်။

Wednesday, August 28, 2013

သီတဂူဆရာတော်ကြီး၏ ဘ၀သမိုင်းတစ်စိတ်တစ်ပိုင်း





သီတဂူဆရာတော်ဘုရားကြီး ဖြစ်လာမည့် မောင်စံသိန်းသည် (၇)နှစ်သားအရွယ်ကပင် တပ်ရွာကျောင်းဆရာတော် အရှင် က္ကုန္ဒ၀ံသထံတွင် ကျောင်းသားငယ်အဖြစ်စတင်ပညာသင်ယူသည်...။

( ၁၅ ) နှစ်သားအရွယ်တွင် ရှင်သာမဏေ ပြုသည်..။ ဘွဲ့ အမည်မှာ ရှင်ဇောတိက ဖြစ်သည်..။

ကိုရင်ဇောတိက အသက် ( ၁၉ ) နှစ် (၃)လ တွင် သဲကုန်းဆရာတော် အရှင် ဓမ္မစက္ကကို ဥပဇ္ဈပြု၍ ရဟန်းပြုသည်..။ .ရဟန်းဖြစ်လာသောအခါ အရှင်ဥာဏိဿရဖြစ်လာခဲ့သည်..။

Tuesday, August 27, 2013

လော့ခ်ျနက်စ်သတ္တ၀ါကြီးလော



၂၆-၈-၂၀၁၃
========
အထက်ပါပုံကတော့ အပျော်တမ်းဓါတ်ပုံဆရာ ဒေးဗစ်အယ်လ်ဒါ တစ်ယောက် စကော့တလန်နိုင်ငံ မြောက်
ပိုင်း သြဂတ်စတပ်ခံတပ်အနီး ၂၃  မိုင်ရှည်လျားတဲ့ရေကန်ကြီးရဲ့ အနောက်တောင်ဘက်မှာ     ငန်းတွေကို
ဓါတ်ပုံရိုက်ယူစဉ် တွေ့မြင်မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

" ကျွန်တော့ညာဘက်မျက်လုံးထောင့်အပြင်ဖက်မြင်ကွင်းမှာ အမည်းရောင်တစ်ခုရေထဲမှာဖြစ်ပေါ်လာတာ
တွေ့လိုက်ရတယ်၊ အဲဒါက ၁၅ ပေလောက်ရှည်မယ်ထင်တယ် အဲဒါကတဖြည်းဖြည်းနဲ့ လှိုင်းကွေးတွေလို
မျိုးဖြစ်လာတယ်ဗျ" လို့အသက် ၅၀ ရှိပြီဖြစ်တဲ့ ဒေးဗစ်အယ်လ်ဒါ ကပြောပြခဲ့ပါတယ်။

" အဲဒီလှိုင်းတွေဟာ ရေအောက်ကမဲမဲအရာကြီးကြောင့်ဖြစ်လာတယ်လို့ကျွန်တော်ထင်ပါတယ်၊ အဲဒီအချိန်
မှာရေကအရမ်းငြိမ်နေတာဗျ၊ အခြားနေရာတွေမှာလည်း လှိုင်းထနေတာ လှုပ်ရှားနေတာ တစ်ခုမှမရှိခဲ့ဘူး"
လို့ပြောပါတယ်။

သိပ္ပံပညာရှင်တွေအနေနဲ့ ဒီလော့ခ်ျနက်စ်သတ္တ၀ါကြီးရှိတယ်ဆိုတာ လက်မခံပေမယ့် ၊   အခြားသူတွေက
တော့ ဒီ နက်စီ (လော့ခ်ျနက်စ်) သတ္တ၀ါကြီးအဲဒီရေကန်ထဲမှာရှိတယ်လို့ ခိုင်ခိုင်မာမာယုံကြည်ကြပါတယ်
လူသိအများဆုံးနှင့်အကျော်ကြားဆုံး လော့ခ်ျနက်စ်ရဲ့ဓါတ်ပုံက လန်ဒန်ကမီးယပ်ရောဂါ ပါရဂူတစ်ဦးဖြစ်တဲ့
ရောဘတ် ကဲန်းနက် ၀ီလ်ဆင်ရဲ့ ၁၉၄၃ ခုနှစ်မှာရိုက်ယူခဲ့တယ်ဆိုတဲ့ဓါတ်ပုံပါပဲ။

ဝီလ်ဆင်ဟာအဲဒီဓါတ်ပုံကို နာမည်ကျော် ဒေးလီးမေးလ် ကိုရောင်းချခဲ့ပေမယ့် ပုံနှင့်တကွနာမည်ခံခွင့်တော့
မရရှိခဲ့ဘူးလို့ဆိုပါတယ်။ ဒါပေမယ့်အဲဒီဓါတ်ပုံကို ခွဲစိတ်ကုဆရာဝန်ရဲ့ဓါတ်ပုံ အဖြစ်လူသိများခဲ့ပါတယ်။
၁၉၇၅ ခုနှစ်မှာတော့ ဆန်းဒေးတယ်လီဂရပ်သတင်းစာ က တော့ဝီလ်ဆင်ရဲ့ဓါတ်ပုံဟာအတုပြုလုပ်ရိုက်ကူး
ထားတဲ့ပုံဖြစ်ကြောင်းခေါင်းစဉ်နဲ့ထုတ်ဝေခဲ့ပါကြောင်းတင်ပြလိုက်ပါတယ်ခင်ဗျား။

အားလုံးကျန်းမာချမ်းသာကြပါစေ


All news & Phots from Huffington Post  and Videos from Dave Brave youtube.

Sunday, August 25, 2013

ငါးမန်းတောင်စေတနာနားလည်သလိုလို

မင်္ဂလာပါခင်ဗျာ

ဒီတစ်ခါရှာရှာဖွေဖွေလို့ပြောရမလား ဘဟားမားပင်လယ်တစ်နေရာမှာ ရေငုပ်သူအမျိုးအသီးတစ်ဦးဟာ
ရေငုပ်ရင်းနှင့် တွေ့လိုက်ရတာက ငါးမန်းတစ်ကောင်ပါ။ အဲဒီငါးမန်းဟာ ငါမျှားချိတ်ကြိုးလို့    ယူဆရတဲ့
ကြိုးတန်းလန်းနဲ့တွေ့တာမို့ သေချာလေ့လာလိုက်တော့ အဲဒီငါးရဲ့ပါးဟက်ဆောင်နေရာမှာ ငါးမျှားချိတ်
တန်းလန်းတွေ့လို့ အရဲစွန့်လက်နှိုက်ပြီး ဖြုတ်ပေးတဲ့မှတ်တမ်းလေးပါ။ လေ့လာကြည့်ပါဦးနော်

အမျိုးသမီးရေငုပ်သမား အီတလီနွယ်ဖွား ခရစ်စတီနား ဇီနာတို ငါးမန်းပါးစပ်ထဲကငါးမျှားချိတ်ကိုဖြုတ်ယူနေစဉ်
ပုံမှာမြင်ရတဲ့အတိုင်း အီတလီနွယ်ဖွား ခရစ်စတီနား ဇီနာတို ရဲ့စေတနာကလည်းလေးစားလောက်စရာပါ
တကယ်လို့အဲဒီအချိန်မှာ ငါးမန်းကိုက်လိုက်မယ်ဆိုလျှင် လက်ပြတ်နိုင်တာကို သိသိကြီးနဲ့  လုပ်ပေးရဲတဲ့
စေတနာကို မလေးစားပဲမနေနိုင်ပါဘူး။

ငါးမန်းဟာငါးမျှားချိတ်ကိုဖြုတ်နေစဉ်ခံရခက်လို့လူးလွန့်ပေမယ့် စေတနာကိုနားလည်သည့်အလား
ဇီနာတို ကိုကိုက်ခဲခြင်းတစ်စုံတစ်ရာမရှိခဲ့ပါဘူး

အထက်ပါပုံမှာမြင်ရတဲ့အတိုင်း ငါးမန်းဟာ ချိတ်ဖြုတ်နေစဉ်အတွင်း ခံရခက်လို့ပြင်းထန်စွာလွန့်လူးခဲ့ပေ
မယ့် သတ္တိခဲဇီနာတိုကို ရန်ပြုကိုက်ခဲတာမျိုးမရှိခဲ့ဘူးလို့သိရပါတယ်။ 

အောင်မြင်စွာချိတ်ဖြုတ်ပေးပြီးနောက် ပေါ့ပါးပျော်ရွှင်စွာကူးခတ်ထွက်သွားတဲ့ငါးမန်းကိုတွေ့ရမှာပါ
အောင်မြင်ပါတယ် ငါးမျှားချိတ်ကိုအောင်မြင်စွာ ဖြုတ်ပေးပြီးတဲ့နောက်မှာတော့ ငါးမန်းဟာ ပေါ့ပါးပျော်ရွှင်
စွာနဲ့ကူးခတ်ထွက်သွားတာကို စာဖတ်သူတို့လည်းမြင်မှာပါနော်။ ကောင်းအောင်လုပ်ပေးတဲ့စေတနာကို
ငါးမန်းတွေတောင် နားလည်သလားလို့ အတွေးများထင်ကျန်ရစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျား။

Photo & Ref : Daily Mails

မန်ကျည်းသီးငါးပိကြော်


-မန်ကျည်းသီးလေးတွေကို အပြင်ခွံကို ဓါးနဲ့ခြစ်ပါ။
အဖန်ဓါတ်တွေ ထွက်သွားပါမယ်။
ပြီးရင် ရေစင်စင်ဆေးပြီး ညက်အောင်ထောင်းပါ။

---ငရုတ်သီးမညက်တညက်ထောင်းပြီး
ကြက်သွန်ဖြူ+နီထည့်ထောင်းထားပါ။

---ငရုတ်သီးဆီသတ်ပြီး ပုဇွန်ခြောက်မှုန့်ထည့်ပါ။
မန်ကျည်းသီးထောင်းထည့်ပါ။
မွှေပါ။ရေနည်းနည်းထည့်ပြီးမွှေပေးပါ။
ငရုတ်သီးစိမ်းအတောင့်လိုက်ဖြစ်စေ-ခွဲလိုံ့ဖြစ်စေထည့်ပါ။
ပုဇွန်ငပိကို ရေဖျော်ထည့်ပါ။အပေါ့အငံမြည်းပါ။
ဆားပြားသင့်အောင် ထည့်ပါ။
ရေခမ်းလို့ဆီပြန်ရင် စားလို့ရပါပြီ။

Aunty Lawyer

Myanmar Online News မှကူးယူဖော်ပြပါသည်

Saturday, August 24, 2013

အမေရိကရဲ့အရပ်အရှည်ဆုံးနှင့်အပုဆုံးလူသားနှစ်ဦးတွေ့ဆုံ

အပုဆုံးလူသား ဂေဘရီယလ်ပီမန်းတဲလ်နှင့် အရှည်ဆုံးလူသား ဂျော့ခ်ျဘဲလ်


အထက်ဖေါ်ပြပါပုံမှာ အမေရိကရဲ့အရပ်အရှည်ဆုံးလူသားနှင့်အပုဆုံးလူသားနှစ်ဦးကို Venice Beach အ
ထူးအဆန်းပြပွဲရုံမှာအတူတကွတွေ့ရမှာဖြစ်ပါတယ်။ အရပ် ၇ ပေ ၈ လက်မရှိတဲ့ ဘဲလ်ဟာ အမေရိကမှာ
တော့အရပ်အရှည်ဆုံးဖြစ်ပါတယ် ။ ယူကရိန်းမှာမွေးတဲ့  Igor Vovkovinskiy  ထက်တော့ အနည်းငယ်နိမ့်
တယ်လို့ဆိုပါတယ်။ အိုင်ဂေါ် ဘော့ကိုဗင်းစကီး က ၇ ပေ ၈.၃၃ လက်မမြင့်တယ်လို့ဆိုပါတယ်။

ဂေဘရီယလ်ပီမန်းတဲလ် ကတော့ဘာပဲပြောပြောအမေရိကမှာအပုဆုံး အမျိုးသားဖြစ်ပါတယ်။    ၂ ပေ ၆ 
လက်မတိတိပဲရှိပါသတဲ့။ အရှည်ကြီး ဘဲလ် တစ်ယောက်ကတော့ ဗာဂျီးနီးယားမှာ ရဲအရာရှိအဖြစ်တာဝန်
ထမ်းဆောင်နေပြီး၊ လူပုလေး ပီမန်းတဲလ် ကတော့ ဒေသတွင်း ရုပ်မြင်သံကြား အစီအစဉ် ဖြစ်တဲ့ " My 
Name Is Earl" ဒါ့အပြင် ရုပ်ရှင် "Little Man" စသည်ဖြင့် တို့မှာ သရုပ်ဆောင်အဖြစ် လုပ်ကိုင်နေပါတယ်။

" သူတို့နှစ်ယောက်လုံးဟာ ကျွန်တော့သူငယ်ချင်းဗျ၊ သူတို့နှစ်ယောက်ကို ကျွန်တော်က အတူတကွရှိစေ
ချင်တာ " လို့ Ray က Huffington Post ကိုပြောပြပါတယ်။ " လူတွေက သူတို့နှစ်ယောက်ကို အတူတ
ကွတွေ့ရှိတိုင်း တအံ့တသြဖြစ်သွားပြီး လူတိုင်းလိုလိုဓါတ်ပုံတွဲရိုက်ချင်ကြတာ " လို့လည်းပြောပါတယ်။
" အထူးသဖြင့် အမျိုးသမီးတွေပေါ့ဗျာ ဂေဘရီယလ် ကိုတွေ့တိုင်းတော်တော်များများကကောက်ချီပြီး ပွေ့
ဖက်သွားတာပဲဗျ " လို့လည်းပြောပါသေးတယ်။

Sunday, August 18, 2013

ငါးရံ့ဆီပြန်


ငါးရံ့ အကောင်ကို ရေဆေးပြီး အကွင်းလေးတွေ တုံးပါ။ ပြီးလျှင် ဆား၊အသားမှုန့်၊ငံပြာရည်၊နနွင်းမှုန့်တို့ဖြင့် နယ်ကာနာရီဝက်ခန့်နှပ်ထားပါ၊

ထိုနောက်ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန် နီ၊ဂျင်းနှင့် ငရုတ်တို့ကို အိုးထဲသို့ ဆီသင့်ရုံထည့်ကာ ဆီသတ်ပါ။ ကြက်သွန်ကြော်နံ့ မွှေးလာပါက ပါးပါးလှီးထားသော ခရမ်းချဉ်သီး ထည့် ပြီးမွှေပါ။

ခရမ်းချဉ်သီးများ ကြေပြီးအနှစ်ဖြစ်လာလျှင် နယ်ထားသောငါးများ ကိုထည့်ပါ။ ရေအနည်းငယ်ထည့်ကာငါးများကို တဖက်သို့ဖြေးဖြေးလှန်ပေးပါ။

ဆီပြန်လာပါက အပေါ့အငံမြည်းကာ နံနံပင် (သို့ ) ရှမ်းနံနံ၊ ငရုတ်သီးစိမ်းတို့
အုပ်ကာ ငါးရံ့ ဆီပြန်ဟင်းလေး သုံးဆောင်လို့ ရပါပြီရှင်။

ဒေါ်ပု လက်ရာ

Also Credit to Myanmar Online News

Tuesday, August 13, 2013

ဘယ်လောက်ချမ်းသာလျှင်ဇိမ်နှင့်နေနိုင်မလည်း


ဇိမ်ခံရွက်သင်္ဘောနှင့်အပန်းဖြေခရီးထွက်လာသည့် လုပ်ငန်ရှင်သူဌေးကြီး
တစ်ယောက်က ပင်လယ်ကန်းရိုးတန်း တစ်နေရာတွင် လမ်းလျှောက်ရင်း ၊ တံငါသည်တစ်ယောက်က လှေနံဘေးမှာ အေးအေးဆေးဆေး လှဲကာ ဆေးတံကိုခဲနေသည်ကို တွေ့ ရလေသည် ။ သူ့ ပုံစံ ကိုကြည့် ကာ သူဌေးကြီးစိတ်ပျက်သွားကာ ဂရုဏာဒေါသောနှင့်မေးသည် ။

`` မင်း ဘာလို့  ငါးဖမ်းမထွက်ပဲ ဒီမှာ ထိုင်နေရတာလည်း "

"မနက်အစောကြီးတည်းကပဲ တစ်နေ့စာဖမ်းလို့ ရပြီဗျ ´´ တံငါသည်က ဖြေသည် ။

`` ဟ ဒါဆို နောက်ထပ်မဖမ်းတော့ဘူးလား ´´

`` ဖမ်းပြီး ဘာလုပ်ရမှာလည်း ´´

`` ထပ်ဖမ်းတော့ ရောင်းစားရင် ပိုက်ဆံပိုရမှာပေါ့ကွ ၊ ပိုက်ဆံများများရရင် မင်းလှေမှာ စက်တပ်လို့ရမယ် ၊ စက်နဲ့ ဆိုရင် ပင်လယ်ထဲ အဝေးကြီးထွက်နိုင်မယ်၊ အဲဒီအခါ ငါးတွေပိုရမယ် ၊ အဲဒါတွေကိုရောင်းပြီး ပိုက်ဆံစုရင် မင်း နိုင်လွန်ပိုက်ဝယ်နိုင်မယ် ၊ နိုင်လွန်ပိုက် ၀ယ်နိုင်မယ် ။ နိုင်လွန်ပိုက်နဲ့ ဆိုတော့  ငွေပိုရပြီး ၊ စက်လှေ တစ်စီးကနေ နှစ်စီးဖြစ်လာမယ်၊ ဒိထက်အမြောက်အမြားလဲဖြစ်လာနိုင်တယ်၊ အဲဒီအခါ မင်း ငါ့လိုသူဌေးတစ်ယောက် ဖြစ်လာမှာပေါ့ကွ"

သူဌေးကြီးက ကြီးပွားရေးလမ်းကြောင်းကို တွက်ပြသည်။

" အဲဒီအခါကျ ကျွန်တော်က ဘာလုပ်ရမှာလဲ၊ "

" အဲဒီခါ မင်း ငါ့လို အေးအေးဆေးဆေး ဇိမ်နဲ့နေနိုင်မှာပေါ့ကွ၊ "

" သြော် ၊ ကျွန်တော် အခုကော ဘာလုပ်နေတယ်ထင်လို့လဲ " ။ ။

Anehony DeMello ၏ How Much Is Enough


ဖေမြင့် ဘာသာပြန်သည်
Sharing For All
Copy from Myanmar Online News

နော်ေ၀၀န်ကြီးချုပ်က တက္ကစီသမားယောင်ဆောင်၍ ပြည်သူများ၏လိုအင်ဆန္ဒကိုစုံစမ်းခဲ့

နော်ေ၀၀န်ကြီးချုပ် Jens Stolten berg သည် မွန်းလွဲပိုင်းတစ်ခုတွင် တက္ကစီမောင်းသမားအယောင် ဆောင်၍ မဲဆန္ဒရှင်များ၏ လိုအင်ဆန္ဒများကိုရှာဖွေရန် ကြိုးစားခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု သြဂုတ် ၁၂ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။

“လူတွေဟာ ဘာတွေကို တကယ်တွေးနေသလဲဆိုတာကို ကြားရဖို့ကျွန်တော့်အတွက် တကယ်အရေးကြီး ပါတယ်။ တကယ်လို့ လူတွေဟာ သူတို့ရဲ့အတွေးတွေကို ထုတ်ဖော်ပြောဆိုတဲ့ နေရာတစ်နေရာရှိမယ်ဆို ရင် အဲဒီ့နေရာဟာ တက္ကစီပေါ်မှာပဲဖြစ်ပါတယ်” ဟု ဖေ့စ်ဘွတ် (Facebook)၊ တွစ်တာ (Twitter) နှင့် ယူ ကျု (YouTube) တို့တွင် ဖော်ပြထားသည့် ဗွီဒီယိုထဲတွင် ၀န်ကြီးချုပ်ကပြောပြခဲ့သည်။
စက်တင်ဘာလ ၉ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများ အရှိန် မြင့်လာစဉ်တွင် ထိုဗွီဒီယိုထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးကောက်ယူထားသည့် လူထုသဘော ထားစစ်တမ်းအရ ထိုရွေးကောက်ပွဲတွင် Jens Stoltenberg ဦးဆောင်သည့် လက်ရှိအာဏာရ လက်ဝဲ ညွန့်ပေါင်းအစိုးရအဖွဲ့မှာ ရှုံးနိမ့်နိုင်ခြေရှိနေသည်ဟု သိရသည်။

ကမ္ဘာကျော်အလွဲများ


၁။ Windows ထုတ်လုပ်တဲ့ Microsoft ကုမ္ပဏီကို စတင်တည်ထောင်တုန်းက ဘီလ်ဂိတ်က ဆော့ဖ်ဝဲ ကုမ္ပဏီ အသေးလေး     လုပ်မယ်ဆိုပြီး နာမည်ကို Micro (သေးငယ်သော) Soft (Software) ဆိုပြီး နာမည်ပေး ခဲ့တာ။ ယနေ့ခေတ်မှာ အကြီးဆုံး ကုမ္ပဏီထဲက တစ်ခုဖြစ်နေပြီ။

၂။ စတိဗ်ဂျော့က သူ့ကုမ္ပဏီအသစ်ကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲစဉ်းစားနေချိန်မှာ သူ့သူ ငယ်ချင်းက စားဖို့ ပန်းသီးလာပေးတော့ တစ်ကိုက် ကိုက်လိုက်မိပြီး အဲဒီပန်းသီးတစ်ကိုက် ကိုက်မိတဲ့ ပုံနဲ့ပဲ Apple ကုမ္ပဏီဆိုတာ ဖြစ်လာခဲ့တယ်။

င်္၃။ Final Fanatasy ဂိမ်းစီးရီးတွေနဲ့ အောင်မြင်ခဲ့တဲ့ Square ကုမ္ပဏီဟာ ပထမတော့ သူ့ကုမ္ပဏီက ဂိမ်းထုတ် တိုင်းရှုံးနေတာ။ ဘတ်ဂျက်ကလဲသိပ်မကျန်တော့ဘူး။ နောက်ဆုံး ဒီဂိမ်းတစ်ခုထုတ်ပြီး ထပ်ရှုံး ရင်တော့ ဒေဝါလီခံတော့မယ်ဆိုပြီး ဂိမ်းနာမည်ကို Final Fantasy (နောက်ဆုံးသော စိတ်ကူးယဉ်မှု) ဆိုပြီး ထုတ်လိုက်တာ အဲဒီကတည်းက ကုမ္ပဏီအောင်မြင်တာ ယခုအထိပါပဲ။

၎။ Google Search Engine ကို စတင်တည်ထောင်သူတွေထဲက Larry Page က HTML ကို သိပ်မကျွမ်း ကျင်ပါဘူး။ ဒါကြောင့် GoogleHome Page ကိုစလုပ်တော့ အဲဒီခေတ်က အလားတူ Search Engine ပုံစံတွေနဲ့ယှဉ်ရင် အရှင်းဆုံးပုံစံဖြစ်နေတာပါပဲ။ နာမည်ကို မှတ်ပုံတင်ဖို့သွားတော့လဲ ပထမတော့ Goggle (လေသူရဲတွေ လေယာဉ်မောင်းချိန်တပ်တဲ့မျက်မှန်)ဆိုတာကိုရွေး
လိုက်တာပါ။ ဒါပေမယ့် မှတ်ပုံတင်လုပ် တဲ့လူကလွဲပြီးတော့Google ဆိုပြီး မှတ်ပုံတင်ပေးလိုက်တော့ အဲဒီနာမည်ကိုပဲ သုံးဖြစ်သွားတာပါ။ ယခု ဆိုရင် Google ဆိုတာအင်တာနက်တွင်ရှာဖွေသည်လို့ အဓိပ္ပာယ်ထက်တဲ့အထိ အောင်မြင်နေပါပြီ။

၅။ Facebook ကို စတင်တည်ထောင်တဲ့ မက်ခ်ဇူကာဘတ် ကလဲ အပြာရောင်ကိုသာ အခြားအရောင်များ ထက် ပိုမို ခွဲခြားနိုင်ပါတယ်။ အခြားအရောင်ကို သူသိပ်မခွဲတတ်ပါဘူး။ အဲဒီတော့ သူခွဲတတ်တဲ့ အရောင် အပြာကိုပဲ သုံးလိုက်တာ ယခုဆိုရင် အပြာရောင်ဘားတန်းနဲ့ အဖြူရောင်စာလုံးဆိုရင်
Facebook သင်္ကေတဖြစ်နေပါပြီ။


၆။ Java programming ဆိုရင် အဲဒါကစပြီး တီထွင်တုန်းက ပရောဂျက်ခေါင်းဆောင်က သူ့အိမ်က ပြတင်းပေါက်နားမှာ ဝက်သစ်ချပင် ရှိတော့ အဲဒါကိုအစွဲပြုပြီး Oak Progamming ဆိုပြီး နာမည်ပေးလိုက် တာ။ ဒါပေမယ့် မှတ်ပုံတင်တော့ အဲဒါနဲ့ အလားတူနာမည်ရှိနေတော့ အခြားတစ်မျိုးစဉ်းစားရတယ်။ အဲဒီမှာ ပရောဂျက်လုပ်ချိန်က ပရိုဂရမ်မာတွေက ကော်ဖီတွေနင်းကန်သောက်တာကို သတိရပြီး ကော်ဖီအများကြီး ထွက်တဲ့ ဂျာဗားကျွန်း နာမည်ကိုယူပြီး ဂျာဗားဆိုတာ ဖြစ်လာတာပဲ။


Credit to:Funny and Knowledge - ဟာသနှင့် ဗဟုတုသ

Saturday, August 10, 2013

မာယာလူမျိုးတို့၏ရှေးဟောင်းလက်ရာများအစုအဝေးလိုက်တွေ့ရှိ







၁၀-၈-၂၀၁၃
ဂွါတီမာလာနိုင်ငံတွင်ရှေးဟောင်းမာယာလူမျိုးတို့၏ပန်းပုလက်ရာများကိုထပ်မံတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ ဂွါတီမာလာနိုင်ငံ Peten ဒေသရှိပြန်လည်တူးဖော်ထားတဲ့မာယာတို့ရဲ့
မြို့ဟောင်းတစ်ခုဖြစ်တဲ့ Holmul မှာထပ်မံ
တွေ့ရှိခြင်းဖြစ်ပါတယ်။ အပေါ်ကပုံမှာမြင်ရတဲ့အတိုင်း ဥမင်လိုဏ်ခေါင်းဝင်ပေါက်ကနေဖြာဆင်းလာတဲ့ နေရောင်ဟာ မာယာတို့ရဲ့တောင်စောင့်နတ်ဦးခေါင်းပေါ်မှာထိုင်နေတဲ့အုပ်ချုပ်သူဘုရင်ရဲ့တင်ပလ္လင်ခွေထိုင်နေတဲ့ခြေထောက်တွေ      ထင်ရှားပေါ်လွင်နေစေတာမြင်ရမှာပါ။

ဒီအလွန်ကြီးမားတဲ့ ပန်းပုပန်ခက်တန်းကြီးဟာဆိုရင် ၂၆ ပေအရှည်နဲ့အမြင့် ၇ ပေတောင်မှရှိတယ်လို့သိရပါတယ်။  ဒဏ္ဍာရီဆန်ဆန်အပြင်အဆင်တွေနဲ့လူပုံများကိုသရုပ်ဖော်ပြသထားတာဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ 
နတ်အဖြစ်
ကိုးကွယ်ထားခြင်းခံခဲ့ရတဲ့အုပ်ချုပ်သူ ဘုရင်များဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။ ဒီပန်းပုလက်ရာအစုအဝေးကြီးကို  ဂျူလိုင်လမှာ မြို့ဟောင်း Holmul ရှိ လေးထောင်ပုံပိရမစ်ရဲ့ မြေအောက်နစ်မြုပ်နေတဲ့ အုတ်မြစ် (ဖောင်ဒေရှင်း) အတွင်းတွေ့ရှိခဲ့တာလို့သိရပါတယ်။

Thursday, August 8, 2013

မြန်မာ့ငွေဈေး(8.8.2013 10:00AM)

ဝယ်ဈေး ရောင်းဈေး
************
1 အမေရိကန် USD = Ks 970(~) Ks 980(~)

1 စင်္ကာပူ SGD = Ks 762(~) Ks 774(~)


1 ဥရောပငွေ EUR = Ks 1288(~) Ks 1306 (~)

ကမ္ဘာ့ငွေဈေး(8.8.2013 10:00AM)
**********************

USD 1 ဒေါ်လာနှင့်ညီမျှငွေ
===============

စင်ကာပူ SGD 1.2675 (+0.0008)

ထိုင်း Baht 31.4450(+0.0410)

မလေးရှား Ringgit 3.2545 (+0.0070)

တရုတ် Yuan 6.1245(+0.0005)

အိန္ဒိယ Rupee 61.1233 (-0.0070)

ဘင်္ဂလားဒေ့ရှ် Taka 77.8900(-0.0100)

တောင်ကိုရီးယား Won 1117.6300(+3.1000)

Sunday, August 4, 2013

ဇွန်ဘီတွေကိုသတ်မယ့်ဂိမ်း - for Android


မင်္ဂလာပါခင်ဗျား
***********



ဒီနေ့တော့ဆော့လို့ကောင်းတဲ့ဂိမ်းလေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ Android ဖုန်းအတွက်ပါ ဇွန်ဘီ
တွေနဲ့ဖိုက်ရမှာဖြစ်ပါတယ်။ အပစ်အခတ်ကြိုက်တဲ့သူတွေအတွက်တော့အိုကေပဲပေါ့.... သေနတ်အမျိုးမျိုး
လဲလို့ရတယ်၊ တင့်ကား စက်ရုပ် စသည်ဖြင့်စိတ်ကြိုက်ပြောင်းလဲလို့လဲရတယ်။

ယနေ့ထုတ်မြန်မာ့အလင်းနှင့်ကြေးမုံ


News Light of Myanmar - 4-8-2013


The Mirror Daily _4-8_new


သစ်ထူးလွင်မှဖြစ်ပါသည်

Saturday, August 3, 2013

လှိုင်သာယာစက်မှုဇုန်မီးလောင်မှုပုံများ

DSC 0042 DSC 0046 DSC 0047 DSC 0048

DSC 0049 DSC 0050 DSC 0051 DSC 0052

DSC 0053 DSC 0054 DSC 0058 DSC 0063

DSC 0065 DSC 0066 DSC 0073 DSC 0078

DSC 0079 DSC 0080 DSC 0081 DSC 0083

ညကလှိုင်သာယာရွှေလင်ပန်းစက်မှုဇုန်မီးလောင်မှုဖြစ်ပွားခဲ့တဲ့မှတ်တမ်းပုံတွေပါ ၊ ပုံတွေကဖုန်းနဲ့ရိုက်ထားတာမို့သိပ်မကောင်းတာကြောင့်သည်းခံပေးစေလိုပါတယ်ခင်ဗျာ။ ပုံများပေးပို့သော - အိပ်မက်နတ်သားလေး (from facebook) ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။

Thursday, August 1, 2013

ဆန်စေးအရေဖျော် - ရှမ်းအစားအစာ


လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆန်စေးခေါက်ဆွဲဖတ်၊ အသားကောင်းကောင်းဝက်သား၊ ၀က်နံရိုး၊ ခရမ်းချဉ်သီး၊ နာနတ်ပွင့်အနည်းငယ်၊ မြေပဲလှော် (မကြိုက်ရင်မထည့်ပါနဲ့)၊ နှမ်းလှော်၊ ပဲငံပြာရည်အပျစ်၊ ပဲငံပြာရည်အကျဲ၊ ဆား၊ သကြား၊ ငရုတ်သီးခွဲခြမ်း၊ တရုတ်နံနံပင်၊ ကြက်သွန်မြိတ်၊ ငရုတ်ကောင်းမှုန့်၊ ဟင်းခတ် မှုန့်အနည်းငယ်နဲ့ ဆီတို့ပါနော်။

ဟင်းရည်အတွက် ၀က်နံရိုးကို အရွယ်တော်လေးတွေဖြစ်အောင် တုံးပြီး ရေထည့်ပြီး မီးဖိုပေါ်တင်ပြီး တစ်ရည်ပွက်အောင် တည်ပြီး အဲ့ဒီတစ်ရည်ကို သွန်ပစ်လိုက်ပါ။ ပြီးတော့မှ ၀က်နံရိုးကို ဆား၊ သကြား၊ အချိုမှုန့်တို့နဲ့နယ်၊ မီးဖိုပေါ် အိုးတင်ပြီးတော့ ဂျင်းအ၀ိုင်းလိုက်လှီးထည့်ပြီး ပထမလုံးရေလေးနဲ့ တစ်ရေ ခမ်းအောင်တည်ပါ။ ပထမတစ်ရည်ခမ်းပြီဆိုမှ နောက်ထပ် ဟင်းရည်အိုးထဲ ရေထပ်ထည့်ပြီး ဟင်းရည်အိုး ပွက်ပွက်ဆူပြီး နံရိုးနူးတဲ့အထိ တည်ပေးပါ။ နံရိုးနူးလောက်ပြီဆိုမှ ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်ပါ။ မီးအသင့်အတင့်နဲ့ ဟင်းရည်အိုးကို ဆူအောင် တည်ပေးထားပါ။ ကြိုက်တတ်ရင်တော့ ဟင်းရည်အိုးထဲကို တရုတ်နံနံပင်အရိုးလေးတွေ ထုထည့်ပေးပါဦးနော်။

အသားဟင်းအတွက် ၀က်သားကို ရွေးပါတယ်။ ၀က်သားကို အဆီအခေါက်မပါ၊ အသားချည်းသပ်သပ် တောက်တောက်စင်းပြီး ဆား၊ အချိုမှုန့်၊ သကြား၊ ချင်းနုပ်နုပ်စင်းတို့နဲ့ ရောနယ်ပါ။ ကြက်သွန်ဖြူနီနဲ့ ငရုတ်သီးကို ထောင်းပါ။ ခရမ်းချဉ်သီးပါးပါးလှီးပြီး နုပ်နုပ်စင်းပါ။ အဆင်သင့် ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ပြီးတော့ ဆီထည့်၊ ထောင်းထားတဲ့ ကြက်သွန်ဖြူနီငရုတ်သီးကို ထည့်ပြီး ဆီသတ်၊ နာနတ်ပွင့်လေး နှစ်ဖတ်လောက်ထည့်ပြီး မွှေပါ။ ပြီးရင် ခရမ်းချဉ်သီးထည့်၊ ခရမ်းချဉ်သီးဖတ်လေးတွေ လိပ်တက်လာပြီဆိုရင် တော့ နုတ်နုတ်စင်းထားတဲ့ အသားလေးတွေထည့်ပြီး မွှေပါ။ ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက် နှစ်မျိုးလုံးထည့်ပါ။ ငံပြာရည်နည်းနည်းလောက်ထည့်ပါ။ ရေနည်းနည်းလောက်ထည့်၊ ခဏတည်ထားပြီး အသားလည်း နူး၊ ဆီလည်းပြန်လာပြီဆိုလျှင် ဟင်းအနှစ်ကျက်ပါပြီ။

တခြား မရှိမဖြစ် လိုအပ်တဲ့ အဆာပလာတွေကတော့ မြေပဲလှော်ကို အခွံနွှာပြီး မညက်တညက်လေး ထောင်းထားပေးပါ။ နှမ်းစေ့ကိုလည်း လှော်ပေးထားပါနော်။ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ဆီချက်ကြော်၊ ဆီချက်ရပြီဆိုရင် ပန်းကန်လုံးထဲ ပြောင်းထည့်၊ ပြီးတော့မှ ငရုတ်သီးခွဲခြမ်းမှုန့်ကို ဆီထဲ လှိမ့်ပြီး ငရုတ်သီးကြော်လေးလုပ်၊ အရမ်းမတူးခင်မှာ အမြန်ချလိုက်နော်။ ပဲငံပြာရည် အပျစ်ကို ပန်းကန်လုံးထဲထည့်၊ ပြီးတော့ဟင်းချိုရည်လေး နည်းနည်းနဲ့ စပ်ထားပါ။ကြက်သွန်မြိတ်၊ နံနံပင် ပါးပါးလှီးထားပါ။

စားပွဲပြင်ခါနီးတဲ့အခါ စကာလေးထဲကို ဆန်စေးဖတ်ထည့်၊ ပြီးတော့မှ ပွက်ပွက်ဆူနေတဲ့ ဟင်းချိုရည်အိုးထဲ ထည့်ပြီး တူနဲ့ မြီးရှည်ဖတ်တွေကို ဟိုဘက်ဒီဘက်လှည့်ပေးပါနော်။ဆန်စေးဖတ်အိပြီ ဆိုရင်တော့ ရေစစ်ပြီးတော့မှ စားပွဲပြင်မယ့် ပန်းကန်ထဲကို ထည့်ပါနော်။

စားပွဲပြင်မယ်ဆိုရင် မုန့်ဖတ်လေးထည့်၊ ဟင်းရည်ပူပူလေးကိုထည့်၊ ၀က်နံရိုးနူးအိအိလေးပါအောင်ခပ်ထည့် ပါနော်။ ပြီးတော့အသားဟင်းထည့်၊ မြေပဲလှော်ထောင်း၊ နှမ်းလှော်၊ ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးကြော်လေးထည့်ပြီး စားရုံပဲနော်။ ဟင်းရည်ပူပူလေးကို ပန်းကန်လုံးလေးထဲ ထည့်၊ ပြီးတော့မှ ငရုတ်ကောင်းမှုန့်လေးခပ်၊ ကြက်သွန်မြိတ်လေးဖြူးပြီး မုန်ညင်းချဉ်နဲ့ တွဲဖက်စားသုံးပါနော်။ အားပေးကြပါဦး နော်။

ပိတ်ရက်မှာ မိသားစုတွေစုံလို့ တစ်ခုခု လုပ်စားချင်ရင်ပဲ ဖြစ်ဖြစ်၊ ထမင်းစားချင်စိတ်မရှိဘဲ ခံတွင်းပျက်နေတဲ့အခါပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေစုံလို့ မုန့်တစ်ခုခုလုပ်စားမယ်ဆိုတဲ့ အခါပဲဖြစ်ဖြစ် အလွယ်တကူနဲ့ စားလို့မြိန်စေမယ့် ရှမ်းအစားအစာလေးတစ်မျိုးပါနော်။

By Lulucooking
သတင်းချစ်သူ - ဝေဟင်ဖေ့ဘုတ်မှဖြစ်ပါသည်

တေးဂီတပညာရှင် ကြယ်တစ်ပွင့် ကြွေလွင့်ခြင်း

ကွယ်လွန်သူတေးရေးဦးထွန်းရင်(ခ)နေထွဏ်းဦး အသက် (၅၈ )နှစ်
မြန်မာ့ ဂီတလောကတွင် လွန်ခဲ့သေ နှစ်ပေါင်း(၄၀)ခန့် ကထဲက တေးသီချင်း များစွာ ရေးသားခဲ့ပြီး အောင်မြင်သော အဆိုတော်များ ဖြစ်သည့်- အနိုင်၊ အောင်သူ၊ မင်းအောင် ၊ ပိုင်ဆက်ကျော်၊ ဇေယျာနိုင်၊ စိမ့်နေခြည်၊ အိအိချွန်တို့၏ အောင်မြင်သော တေးသီချင်းများ ကိုရေးသား သီကုံးပေးခဲ့သော  နိုင်ငံကျော် တေးရေးပညာရှင် ရွှေပြည်သာမြို့ နယ် ဂီတအစည်းအရုံး တွဲဘက်အတွင်းရေးမှူး ဦးထွန်းရင်(ခ)နေထွဏ်းဦး အသက်(၅၈)နှစ်သည် ( ၃၀-၇-၂၀၁၃)ရက်၊ ဗုဒ္ခဟူးနေ့၊ နေ့လည်(၁၂း၀၀)နာရီတွင် အင်းစိန်သီရိစန္ဒာ ဆေးရုံတွင်
ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

စင်ကြယ်မြတ်နိုး

by Myanmar News Now
သစ်ထူးလွင်မှတဆင့်ပြန်လည်ဖော်ပြပါသည်။

ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာ

မြန်မာ့အလင်း



18newsm

ကြေးမုံ
18newsk

သစ်ထူးလွင်မှဖြစ်ပါသည်