အာလူးမဆလာသုတ်
သုတ်ကျွေးနေကြ
အာလူးသုတ်နည်း။ ပင်စိမ်း ရွက်၊ မဆာလာနံလေးသင်း နေပြီး ထမင်းအရမ်းစားလို
့ကောင်းတယ်။ သူ့ တမျိုးထည်းနဲ့  ထမင်းစားတောင်ထမင်းစားမြိန်တယ်။
လိုအပ်တဲ့ ပ စ္စည်းတွေက
အာလူးပြုတ် (၂)လုံး၊ ကြက်သွန်နီ (၁) ဥ၊ ခရမ်းချဉ်သီး (၂) လုံး ၊ ငရုတ်သီးစိမ်းအနည်းငယ်
၊ပင်စိမ်းရွက်အနည်းငယ်၊မန်ကျီးရည် (ထမင်းစားဇွန်း(၃)ဇွန်း ၊ဆား အနည်းငယ်၊ငံပြာရည်
လက်ဘက်ရည်ဇွန်းတဇွန်း ၊မဆလာအနည်းငယ်၊ ဆီချက် အနည်းငယ် တို့ လိုအပ်ပါတယ်။
ပြင်ဆင်ပုံ
ကြက်သွန်နီကိုပါးပါး လှီးပြီးရေဆေးထားပါ။ခရမ်းချဉ်သီး (၂)လုံးကို ပါးပါးလှီးထားပါ။ငရုတ်သီးစိမ်းနဲ့ ပင်စိမ်းရွက်ကိုလည်းပါးပါးလှီး ထားပေးပါ။မန်ကျီးသီးရေစိမ်ထားပါ၊ကြက်သွန်ဖြူ (သို့)နီကိုဆီချက်ချက်ထားပေးပါ။ပြီးရင် အကုန်လုံးကို ဇလုံးတလုံးထဲထည့်နယ်ပြီးစားလို့ ရပါပြီ။
သတင်းချစ်သူ - ဝေဟင် ဖေ့ဘုတ်မှပြန်လည်ဖော်ပြပါသည်
No comments:
Post a Comment
ဝေဖန်အကြံပေးသွားကြပါဦးနော်