Pages

Tuesday, July 30, 2013

သန်လျင်ဂျီတီစီ ညစ်ညမ်းဗွီဒီယိုအွန်လိုင်းတင်သူကိုဖော်ထုတ်အရေးယူမည်

ရန်ကုန်နည်းပညာ တက္ကသိုလ် (သန်လျင်) ကျောင်းသူတို့အပေါ် သားသမီးချင်း စာနာသင့်
အင်တာနက် အွန်လိုင်း ပေါ်တင်သူကို ရှာဖွေဖော်ထုတ်ပြီး ဥပဒေအရ အရေးယူမည်

Monday, July 29, 2013

ညစ်ညမ်း ဗီဒီယို အွန်လိုင်း ပေါ်တင်သူကို ရှာဖွေဖော်ထုတ်ပြီး ဥပဒေအရ အရေးယူမည်

 ရန်ကုန်နည်းပညာ တက္ကသိုလ် (သန်လျင်) ကျောင်းသူတို့အပေါ် သားသမီးချင်း စာနာသင့်
အင်တာနက် အွန်လိုင်း ပေါ်တင်သူကို ရှာဖွေဖော်ထုတ်ပြီး ဥပဒေအရ အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ နည်းပညာတက္ကသိုလ်ကျောင်းစာသင်ခန်းအတွင်း ဖြစ်ပွားခဲ့သည့် ကျောင်းသားနှင့် ကျောင်းသူတို့၏ လူမှုရေးအရှက်ရစေသည့် ဗီဒီယိုအခွေနှင့်ပတ်သက်၍ အင်တာနက်စာမျက်နှာများနှင့် မီဒီယာအချို့တွင် ပျံ့နှံ့စေခဲ့ခြင်းသည် ကျောင်း၏ ဂုဏ်သိက္ခာနှင့် ၎င်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ခံယူကြသော ကျောင်းသား၊ ကျောင်းသူများအား လုံး၏ကိုယ်စား မခံမရပ်နိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူတစ်ဖွဲ့က ဇူလိုင် ၂၈ ရက် နံနက် ၁ဝ နာရီတွင် အဆိုပါတက္ကသိုလ် ကျောင်းရှေ့ရှိ လက်ဖက်ရည်ဆိုင်တစ်ခုအတွင်း၌ မီဒီယာများနှင့် တွေ့ဆုံကာ ရင်ဖွင့် ရှင်းလင်းပြောကြားခဲ့ကြသည်။

အထင်အမြင်သေးခံရ-
အဆိုပါဗီဒီယိုသည် အမှန်တကယ် ဖြစ်ပွားခဲ့သည်ဆိုသော်လည်း ယခုအခါ ၎င်းကိစ္စကိုအကြောင်းပြု၍ အမျိုးမျိုးပြစ်တင် ဝေဖန်ကဲ့ရဲ့မှုများပြုလုပ်လျက်ရှိပြီး ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကိုပါ အထင်အမြင်သေးစွာ သား သမီးချင်းမစာမနာ ဆက်ဆံလာကြသည်။ အထူးသဖြင့် ကျောင်းသူများမှာ ပို၍ခံစားရသည်ဟု ၎င်းတို့က ပြောပြကြသည်။

တရားဥပဒေအရ-
နှမချင်းမစာနာသော ယင်းဗီဒီယိုကို ခိုးကြောင်ခိုးဝှက်ရိုက်ကူးကာ အင်တာနက်ပေါ်တင်ခဲ့သူကိုလည်း မိမိတို့အစီအစဉ်ဖြင့် စုံစမ်းရှာဖွေ၍ တရားဥပဒေအရ အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ၎င်းတက္ကသိုလ်မှ ကျောင်းသားကျော်ဇင်ထက်က ပြောသည်။

စည်းကမ်းပိုင်း-
ထို့ပြင် ကျောင်းသား၊ ကျောင်း သူများ၏ စည်းကမ်းပိုင်းဆိုင်ရာများကိုလည်း ပိုမိုတင်းကျပ်ဆောင်ရွက်ရန် ၎င်းတို့ကလုပ်ဆောင်ကြမည်ဟု ဆိုသည်။

ပုံနှိပ်မီဒီယာပေါ်ရောက်လို့-
အဆိုပါဗီဒီယိုသည် အွန်လိုင်း စာမျက်နှာများပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ယခုပုံနှိပ်မီဒီယာ အချို့၌ပင် တွေ့ရှိ လာရသည့်အတွက် ၎င်းတက္ကသိုလ်၌ ပညာသင်ကြားနေကြ သော ကျောင်းသားများအထူးသဖြင့် ကျောင်းသူများအတွက် အလွန်ထိခိုက်ပြီး ဂုဏ်သိက္ခာကျဆင်းစေသည်ဟု ကျောင်းသူ မသန္တာကပြောသည်။

၎င်းကိစ္စကို အပတ်စဉ်ထုတ်သတင်းဂျာနယ်တစ်စောင်က မျက်နှာဖုံးတွင် အကျယ်တဝင့် ဖော်ပြ ထားခြင်းကြောင့် ယခုကဲ့သို့ မီဒီယာများအား တွေ့ဆုံပြောကြားခြင်းဖြစ်ပြီး ဖော်ပြခဲ့သည့် ဂျာနယ်တိုက်သို့ လည်း ဆက်သွယ်အကြောင်းကြားထားသည်ဟု ၎င်းတို့ကပြောသည်။

ခိုးရိုက်-
ကျောင်းခန်းအတွင်း လူမှုရေး ကိစ္စကျူးလွန်နေသော ကျောင်း သားနှင့်ကျောင်းသူကို တစ်စုံတစ် ယောက်က မိုဘိုင်းဖုန်းကင်မရာဖြင့် ခိုးရိုက်ကူးကာ အင်တာနက် စာ မျက်နှာများထက်သို့လွှင့်တင်ခဲ့သည်။ ယခုအထက်ပါ ကျောင်းသားနှင့် ကျောင်းသူကိုလည်း ၎င်းတက္ကသိုလ် မှထုတ်ပယ်ခဲ့ပြီးဖြစ်သည် ဆိုသည်။

မြတ်သူအောင်(၂၈-၇-၂ဝ၁၃)

----------------------------------------------------------------
ဇူလိုင် ၂၉ ရက် (တနင်္လာနေ့)ထုတ် ရွှေနိုင်ငံသစ်သတင်းစာ၊
အတွဲ(၂)၊ အမှတ်(၀၁၄) 
Also Credit to Thithtoolwin

1 comment:

  1. ကျောင်းဝင်းထဲမှာဖြစ်မှတော့ ကျောင်းသား ဒါမှမဟုတ်ကျောင်းသူတစ်ယောက်ယောက် ခိုးရိုက်တာဖြစ်မှာပေါ့
    ကိုယ့်အိုးတောင် ကိုယ်လုံအောင်မဖုံးနိုင်ဘဲ ဘူးတစ်ရာပိတ်ချင်ရင်တော့ တော်တော်ကြိုးစားယူရမယ်ထင်တယ်
    ကျနော်လည်း ကျောင်းသားတစ်ယောက်ပါဘဲ ကျနော်ပြောချင်တာက အခုလိုလုပ်နေတာက နက်ပေါ်မှာ ရှာကြည့်ကြပါလို့
    ပြောနေသလိုများ ဖြစ်မနေဘူးလား အများကြီးရှိပါတယ်ဗျာ တက္ကသိုလ်ပေါင်းစုံက ခိုးရိုက်ထားတာတွေ
    တည်းခိုခန်းမှာခိုးရိုက်ထားတာတွေ တချို့ဆို နာမည်နဲ့အတူတောင်ပါသေးတာ ဥပမာ မင်းသမီးတွေ နာမည်တော့မထည့်တော့ပါဘူး ကျနော်လည်း ယောင်္ကျာ်းတစ်ယောက်ဘဲ ကြည့်ဖူးပါတယ် ဖြစ်ပြီးသွားတာဘဲ ပြီးသွားပြီလေဗျာ လူတွေလည်းမေ့ပျောက်သွားပါပြီ မေ့သွားပြန် အစဖော်ပြန်နဲ့ဆို ဘယ်တော့မှပြီးမှာမဟုတ်ဘူး နောက်မဖြစ်အောင်ဆင်ခြင်ဖို့က အဓိကဘဲ မနေနိုင်မထိုင်နိုင်ဖြစ်နေရင်လည်း တည်းခိုခန်းသွားပေါ့ hidden camera မရှိဖို့တော့ သတိထားပေါ့ဗျာ GTCကျောင်းသားတွေ ကျောင်းသူတွေလည်း အဲ့လိုဇတ်ကားတွေ ကြည့်တာဘဲ သူများကျတော့ ကြည့်ချင်ပြီး ကိုယ့်ကျောင်းသားကြည့်တော့ တင်တော့ စိတ်ဆိုးနေလိုက်ကျတာ မဖြစ်စေချင်ရင်မလုပ်နဲ့ပေါ့ ကိုယ်ချင်းမစာလို့မဟုတ်ပါဘူး အဲ့ကောင်မလေးနေရာမှာ ကျနော်သာဆို အသက်ဆက်ရှင်ဖို့ စိတ်ကူးရဲမှာမဟုတ်ဘူး ကျနော်တော့မတင်ပါဘူး အမှန်တိုင်းဝန်ခံပါတယ် ကြည့်ဖူးပါတယ် တ၀က်ပေါ့
    လိုင်းမကောင်းလို့ တ၀က်လောက်နဲ့တင်စိတ်မရှည်လို့ ပိတ်လိုက်တာ ဒေါင်းလော့တော့မဆွဲပါဘူး အလကားသက်သက်စက်အလေးမခံနိုင်လို့ ထင်ထင်ရှားရှားနဲ့ ကွက်ကွက်ကွင်ကွင်းမြင်ရပြီး ဆော်အလန်းတွေပေါတဲ့ ဥရောပဘဲစိတ်ဝင်စားတယ်ဗျာ

    ReplyDelete

ဝေဖန်အကြံပေးသွားကြပါဦးနော်