တစ်ကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ပါ၊ အသက် ၇၄ နှစ်ရှိနေပြီဖြစ်တဲ့ ဆိုက်ကား ( သုံးဘီးတပ်လန်ချား
တစ်မျိုး) နင်းသူ Bai Feng Li တယောက်ဟာ ၁၉၇၈ ခုနှစ်မှာ ဇာတိမြို့လေးကို သူ့ရဲ့ကာယအား စိုက်
ထုတ်ရတဲ့ ဆိုက်ကား(ဒီမှာတော့ ဆိုက်ကားလို့ပဲသုံးသွားပါမယ်) နင်းတဲ့အလုပ်ကနေ အပြီးတိုင်အနားယူ
ပြီးအေးဆေးစွာနေထိုင်ဖို့ပြန်လာခဲ့ပါတယ်။
သူ့မြို့ကိုပြန်ရောက်တော့ ကျောင်းနေရမည့်အရွယ် ကလေးတွေဟာ လယ်ကွင်းတွေထဲမှာအလုပ်လုပ်နေ
ကြတာကိုတွေ့ရပါတယ်။ အမှန်တော့ ဒီကလေးတွေဟာ ကျောင်းတောင်မထားနိုင်လောက်အောင်သူတို့
မိဘများကဆင်းရဲကြလို့ပဲဖြစ်ပါတယ်။
ဒါနှင့်ပဲ Bai ဟာ ထျန်ကျင်း( Tianjin ) မြို့ကိုပြန်သွားခဲ့ပြီး ဆိုက်ကားပြန်နင်းတဲ့အလုပ်ကိုလုပ်နေခဲ့ပါတယ်။
ဘူတာရုံနားကအိမ်ခန်းငယ်လေးမှာ ခြိုးခြံချွေတာစွာနေခဲ့ပြီး ၂၄ နာရီပတ်လုံးသူ့ ဆိုက်ကား စီနင်းမည့်သူ
တွေအတွက်စောင့်နေခဲ့ပါတယ်။ သူဟာခြိုးခြံချွေတာစွာလည်းစားသုံးခဲ့ပြီး အ၀တ်အစားတောင်မှသူများပေး
တဲ့ တစ်ပတ်နွမ်းများသာဝတ်ဆင်ပါတယ်။




