ဒီတစ်ခါရှာရှာဖွေဖွေလို့ပြောရမလား ဘဟားမားပင်လယ်တစ်နေရာမှာ ရေငုပ်သူအမျိုးအသီးတစ်ဦးဟာ
ရေငုပ်ရင်းနှင့် တွေ့လိုက်ရတာက ငါးမန်းတစ်ကောင်ပါ။ အဲဒီငါးမန်းဟာ ငါမျှားချိတ်ကြိုးလို့ ယူဆရတဲ့
ကြိုးတန်းလန်းနဲ့တွေ့တာမို့ သေချာလေ့လာလိုက်တော့ အဲဒီငါးရဲ့ပါးဟက်ဆောင်နေရာမှာ ငါးမျှားချိတ်
တန်းလန်းတွေ့လို့ အရဲစွန့်လက်နှိုက်ပြီး ဖြုတ်ပေးတဲ့မှတ်တမ်းလေးပါ။ လေ့လာကြည့်ပါဦးနော်
အမျိုးသမီးရေငုပ်သမား အီတလီနွယ်ဖွား ခရစ်စတီနား ဇီနာတို ငါးမန်းပါးစပ်ထဲကငါးမျှားချိတ်ကိုဖြုတ်ယူနေစဉ် |
ပုံမှာမြင်ရတဲ့အတိုင်း အီတလီနွယ်ဖွား ခရစ်စတီနား ဇီနာတို ရဲ့စေတနာကလည်းလေးစားလောက်စရာပါ
တကယ်လို့အဲဒီအချိန်မှာ ငါးမန်းကိုက်လိုက်မယ်ဆိုလျှင် လက်ပြတ်နိုင်တာကို သိသိကြီးနဲ့ လုပ်ပေးရဲတဲ့
စေတနာကို မလေးစားပဲမနေနိုင်ပါဘူး။
ငါးမန်းဟာငါးမျှားချိတ်ကိုဖြုတ်နေစဉ်ခံရခက်လို့လူးလွန့်ပေမယ့် စေတနာကိုနားလည်သည့်အလား ဇီနာတို ကိုကိုက်ခဲခြင်းတစ်စုံတစ်ရာမရှိခဲ့ပါဘူး |
အထက်ပါပုံမှာမြင်ရတဲ့အတိုင်း ငါးမန်းဟာ ချိတ်ဖြုတ်နေစဉ်အတွင်း ခံရခက်လို့ပြင်းထန်စွာလွန့်လူးခဲ့ပေ
မယ့် သတ္တိခဲဇီနာတိုကို ရန်ပြုကိုက်ခဲတာမျိုးမရှိခဲ့ဘူးလို့သိရပါတယ်။
အောင်မြင်စွာချိတ်ဖြုတ်ပေးပြီးနောက် ပေါ့ပါးပျော်ရွှင်စွာကူးခတ်ထွက်သွားတဲ့ငါးမန်းကိုတွေ့ရမှာပါ |
အောင်မြင်ပါတယ် ငါးမျှားချိတ်ကိုအောင်မြင်စွာ ဖြုတ်ပေးပြီးတဲ့နောက်မှာတော့ ငါးမန်းဟာ ပေါ့ပါးပျော်ရွှင်
စွာနဲ့ကူးခတ်ထွက်သွားတာကို စာဖတ်သူတို့လည်းမြင်မှာပါနော်။ ကောင်းအောင်လုပ်ပေးတဲ့စေတနာကို
ငါးမန်းတွေတောင် နားလည်သလားလို့ အတွေးများထင်ကျန်ရစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျား။
Photo & Ref : Daily Mails
No comments:
Post a Comment
ဝေဖန်အကြံပေးသွားကြပါဦးနော်