အပုဆုံးလူသား ဂေဘရီယလ်ပီမန်းတဲလ်နှင့် အရှည်ဆုံးလူသား ဂျော့ခ်ျဘဲလ် |
အထက်ဖေါ်ပြပါပုံမှာ အမေရိကရဲ့အရပ်အရှည်ဆုံးလူသားနှင့်အပုဆုံးလူသားနှစ်ဦးကို Venice Beach အ
ထူးအဆန်းပြပွဲရုံမှာအတူတကွတွေ့ရမှာဖြစ်ပါတယ်။ အရပ် ၇ ပေ ၈ လက်မရှိတဲ့ ဘဲလ်ဟာ အမေရိကမှာ
တော့အရပ်အရှည်ဆုံးဖြစ်ပါတယ် ။ ယူကရိန်းမှာမွေးတဲ့ Igor Vovkovinskiy ထက်တော့ အနည်းငယ်နိမ့်
တယ်လို့ဆိုပါတယ်။ အိုင်ဂေါ် ဘော့ကိုဗင်းစကီး က ၇ ပေ ၈.၃၃ လက်မမြင့်တယ်လို့ဆိုပါတယ်။
ဂေဘရီယလ်ပီမန်းတဲလ် ကတော့ဘာပဲပြောပြောအမေရိကမှာအပုဆုံး အမျိုးသားဖြစ်ပါတယ်။ ၂ ပေ ၆
လက်မတိတိပဲရှိပါသတဲ့။ အရှည်ကြီး ဘဲလ် တစ်ယောက်ကတော့ ဗာဂျီးနီးယားမှာ ရဲအရာရှိအဖြစ်တာဝန်
ထမ်းဆောင်နေပြီး၊ လူပုလေး ပီမန်းတဲလ် ကတော့ ဒေသတွင်း ရုပ်မြင်သံကြား အစီအစဉ် ဖြစ်တဲ့ " My
Name Is Earl" ဒါ့အပြင် ရုပ်ရှင် "Little Man" စသည်ဖြင့် တို့မှာ သရုပ်ဆောင်အဖြစ် လုပ်ကိုင်နေပါတယ်။
" သူတို့နှစ်ယောက်လုံးဟာ ကျွန်တော့သူငယ်ချင်းဗျ၊ သူတို့နှစ်ယောက်ကို ကျွန်တော်က အတူတကွရှိစေ
ချင်တာ " လို့ Ray က Huffington Post ကိုပြောပြပါတယ်။ " လူတွေက သူတို့နှစ်ယောက်ကို အတူတ
ကွတွေ့ရှိတိုင်း တအံ့တသြဖြစ်သွားပြီး လူတိုင်းလိုလိုဓါတ်ပုံတွဲရိုက်ချင်ကြတာ " လို့လည်းပြောပါတယ်။
" အထူးသဖြင့် အမျိုးသမီးတွေပေါ့ဗျာ ဂေဘရီယလ် ကိုတွေ့တိုင်းတော်တော်များများကကောက်ချီပြီး ပွေ့
ဖက်သွားတာပဲဗျ " လို့လည်းပြောပါသေးတယ်။
ပထမဆုံးစတင်တွေ့ဆုံကြတုန်းက အရှည်ကြီး ဘဲလ် နှင့် လူပုလေး ဂေဘရီယ်လ်တို့ဟာ တစ်ယောက်ကို
တစ်ယောက် ကြည့်ပြီးအံ့အားသင့်ခဲ့ကြတယ်လို့သိရပါတယ်။
" သူတို့တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးအံ့သြနေကြတယ်ဗျ၊ ပြီးတော့ တစ်ပြိုင်တည်းလိုပါပဲသူတို့ နှစ်ယောက်လုံးရဲ့ ပါးစပ်က ၀ိုး လို့အာမေဋိတ်သံထွက်လာတာကို မှတ်မိပါသေးတယ်၊ အဲဒီနောက်တော့ သူတို့ နှစ်ယောက်လက်ဆွဲနှုတ်ဆက်ခဲ့ကြတယ် " လို့ Ray ကပြောပါတယ် " အဲဒီနောက်မှာတော့ လူပု
လေး ဂရေဘီယလ် က ကျွန်တော့ကိုလှမ်းကြည့်ပြီး " တကယ့်လူ့ဘီလူးကြီးပဲဟေ့ " လို့အံ့သြတကြီးအော်
ပြောခဲ့သေးတယ်။
အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ ဘ၀အတွေ့အကြုံကိုယ်စီကိုယ် ဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့
သိရှိရပါကြောင်း။
Ref : The Huffington Post
No comments:
Post a Comment
ဝေဖန်အကြံပေးသွားကြပါဦးနော်