၂၆-၈-၂၀၁၃
========
အထက်ပါပုံကတော့ အပျော်တမ်းဓါတ်ပုံဆရာ ဒေးဗစ်အယ်လ်ဒါ တစ်ယောက် စကော့တလန်နိုင်ငံ မြောက်
ပိုင်း သြဂတ်စတပ်ခံတပ်အနီး ၂၃ မိုင်ရှည်လျားတဲ့ရေကန်ကြီးရဲ့ အနောက်တောင်ဘက်မှာ ငန်းတွေကို
ဓါတ်ပုံရိုက်ယူစဉ် တွေ့မြင်မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
" ကျွန်တော့ညာဘက်မျက်လုံးထောင့်အပြင်ဖက်မြင်ကွင်းမှာ အမည်းရောင်တစ်ခုရေထဲမှာဖြစ်ပေါ်လာတာ
တွေ့လိုက်ရတယ်၊ အဲဒါက ၁၅ ပေလောက်ရှည်မယ်ထင်တယ် အဲဒါကတဖြည်းဖြည်းနဲ့ လှိုင်းကွေးတွေလို
မျိုးဖြစ်လာတယ်ဗျ" လို့အသက် ၅၀ ရှိပြီဖြစ်တဲ့ ဒေးဗစ်အယ်လ်ဒါ ကပြောပြခဲ့ပါတယ်။
" အဲဒီလှိုင်းတွေဟာ ရေအောက်ကမဲမဲအရာကြီးကြောင့်ဖြစ်လာတယ်လို့ကျွန်တော်ထင်ပါတယ်၊ အဲဒီအချိန်
မှာရေကအရမ်းငြိမ်နေတာဗျ၊ အခြားနေရာတွေမှာလည်း လှိုင်းထနေတာ လှုပ်ရှားနေတာ တစ်ခုမှမရှိခဲ့ဘူး"
လို့ပြောပါတယ်။
သိပ္ပံပညာရှင်တွေအနေနဲ့ ဒီလော့ခ်ျနက်စ်သတ္တ၀ါကြီးရှိတယ်ဆိုတာ လက်မခံပေမယ့် ၊ အခြားသူတွေက
တော့ ဒီ နက်စီ (လော့ခ်ျနက်စ်) သတ္တ၀ါကြီးအဲဒီရေကန်ထဲမှာရှိတယ်လို့ ခိုင်ခိုင်မာမာယုံကြည်ကြပါတယ်
လူသိအများဆုံးနှင့်အကျော်ကြားဆုံး လော့ခ်ျနက်စ်ရဲ့ဓါတ်ပုံက လန်ဒန်ကမီးယပ်ရောဂါ ပါရဂူတစ်ဦးဖြစ်တဲ့
ရောဘတ် ကဲန်းနက် ၀ီလ်ဆင်ရဲ့ ၁၉၄၃ ခုနှစ်မှာရိုက်ယူခဲ့တယ်ဆိုတဲ့ဓါတ်ပုံပါပဲ။
ဝီလ်ဆင်ဟာအဲဒီဓါတ်ပုံကို နာမည်ကျော် ဒေးလီးမေးလ် ကိုရောင်းချခဲ့ပေမယ့် ပုံနှင့်တကွနာမည်ခံခွင့်တော့
မရရှိခဲ့ဘူးလို့ဆိုပါတယ်။ ဒါပေမယ့်အဲဒီဓါတ်ပုံကို ခွဲစိတ်ကုဆရာဝန်ရဲ့ဓါတ်ပုံ အဖြစ်လူသိများခဲ့ပါတယ်။
၁၉၇၅ ခုနှစ်မှာတော့ ဆန်းဒေးတယ်လီဂရပ်သတင်းစာ က တော့ဝီလ်ဆင်ရဲ့ဓါတ်ပုံဟာအတုပြုလုပ်ရိုက်ကူး
ထားတဲ့ပုံဖြစ်ကြောင်းခေါင်းစဉ်နဲ့ထုတ်ဝေခဲ့ပါကြောင်းတင်ပြလိုက်ပါတယ်ခင်ဗျား။
အားလုံးကျန်းမာချမ်းသာကြပါစေ
All news & Phots from Huffington Post and Videos from Dave Brave youtube.
No comments:
Post a Comment
ဝေဖန်အကြံပေးသွားကြပါဦးနော်