Pages

Thursday, September 5, 2013

ရဲဘော်သုံးကျိပ်ကို ထိန်ပင်သုဿန်က အမှိုက်ပုံဘေးမှာပြန်လည်တွေ့ရှိခြင်း



သတင်းခေါင်းစဉ်လို့ ပြောရမလား။ဒါမှမဟုတ် အိပ်မက်လား။
ထိန်ပင်။

အိပ်မက်မဟုတ်ပါဘူး။ ထိန်ပင်ဆိုတာ ရန်ကုန်ကလူတွေ သိတယ်။ အသုဘဆိုရင် ရေဝေးပို့ မယ်။ ထိန်ပင်ဆိုရင် “အင်” ချင်နေပြီ။ လမ်းကလည်း ကြမ်းသကိုး။သွားလမ်းလာလမ်းကလည်း မဖြောင့်သကိုး။ ခလုတ်ကန်သင်း တောနဲ့ ဗွက်။သိပ်ရင်းမှ.. အင်း..။

မနေ့ ကတော့ ထိန်ပင်ရောက်တယ်။ အသုဘသွားပို့ တာ မဟုတ်။ ပြီးခဲ့တဲ့အပတ်က အဘဗိုလ်ဇင်ယော်ရဲ့ အိမ်ရောက်တော့ သူ့ အိမ်မှာ စကားပြောဖြစ်တယ်။ သမီးလတ် ရီရီဇင်ရယ်၊ အငယ်မ ၀ါဝါဇင်ရယ်။ အဘ ဟိုင်နန်ကျွန်းမှာသင်တန်းတက်တုန်းက ဓာတ်ပုံတွေ တွေ့ ရတယ်။ ကောင်းပေါ့။ ဘီအိုင်အေ၊
ဘီဒီအေ၊ ပီဘီအက်စ် (ဖ်) က လှုပ်ရှားခဲ့တဲ့ ဓာတ်ပုံတွေ တွေ့ တယ်။

ပြီး အသက်ကြီးတော့ အဘဗိုလ်ဇင်ယော် ဆုံးတယ်။ သုံးရောင်ခြယ် နောက်ခံနဲ့ ဗိုလ်ဇင်ယော် (ရဲဘော်သုံးကျိပ်)၊ သခင်သန်းညွန့် ဆိုပြီး ကြံတောမှာ အုတ်ဂူ သားသားနားနားနဲ့  မြှုပ်ခဲ့တဲ့ ဓာတ်ပုံလေးလည်း တွေ့ ခဲ့ရပါတယ်။

အခု ကြံတောမှ မရှိတော့ဘဲ။ ဘယ်မှာလဲဆိုတော့ သမီးငယ် ၀ါဝါက ပြောတယ်။
ထိန်ပင်မှာ တဲ့။

ထိန်ပင်ဆိုတာ လှည်းတန်းကနေ တက္ကစီငှားရင်တောင် လိုက်ချင်တဲ့ကားခပ်ရှားရှားရယ်။ လမ်းက ဝေးလည်းဝေး၊ ဆိုးလည်းဆိုးသကိုး။ ဈေးမပြောဘူး၊မအားဘူးနဲ့  မလိုက်ဘူးက အရင်ကြားရတာ။ အဆင်ပြေလို့ မောင်းပေးရင်တစ်နာရီကျော် ကြာပါတယ်။ အဲဒီအရပ်ကို မနေ့  ကျွန်တော်ရောက်တာပါ။

ဟိုရောက်တော့ မီးသဂြို င်္လ်စက်၊ အဲဒီကနေ လှမ်းပြီးတော့ လမ်းသိတဲ့ကလေးတစ်ယောက်ကို မေးရတယ်။ ရဲဘော်သုံးကျိပ် အုတ်ဂူတွေ ဘယ်နားမှာရှိလဲလို့ ။ မီးသဂြို င်္လ်စက်ကနေ တောင်ဘက်ကို မီတာနှစ်ရာ
လောက်သွားရင်အဲဒီမှာ အမှိုက်လာပစ်တဲ့ ကားတွေကို မှတ်တဲ့ ကားမှတ်စခန်းရုံး အသေးလေးရှိတယ်။

မျက်နှာချင်းဆိုင်မှာ အမှိုက်ပုံ အကြီးကြီးရှိတယ်။ ရုံးဘေးမှာလူသွားလမ်းလေးရှိတယ်။ ရုံးနောက်ကို ဆယ်မီတာလောက် လမ်းလျှောက်လိုက်။ပြီးရင် ရပ်။ ဗွက်မနစ်အောင် ဖိနပ်ချွတ်၊ ပုဆိုးတိုတိုဝတ်၊ ဖိနပ်ကို ခါးကြားထိုး၊ဘောင်းဘီရှည်နဲ့ ဆိုရင် ဒူးအထိလိပ်တင်၊ ရပြီ။ ညာကွေ့ ၊ တစ်ပေခွဲ နှစ်ပေအုတ်ဂူလေး
တွေစတွေ့ ရပြီ။ ဗွက်တော မြက်တောမှာ။ 

ဦးဆုံး စတွေ့ တာ ဗိုလ်လင်းယုန် (ရဲဘော်သုံးကျိပ်)၊ အသက် ၅၄ နှစ် တဲ့။အလျားနှစ်ပေ၊ အနံတစ်ပေခွဲ၊ 
အမြင့်တော့ ကိုးလက်မလောက် ရှိမပေါ့။ဆက်လျှောက်ကြည့်မိတယ်။ ဗိုလ်စောနောင် (သိတာပေါ့၊ ရွှေတောင်တိုက်ပွဲမှာကျဆုံးသွားတဲ့ ဗိုလ်စောအောင်ရဲ့  ညီအစ်ကို၊ ရှမ်းအမျိုးသားတွေ)၊နောက် 
ဗိုလ်မင်းခေါင်။ ပြီးတော့ ဗိုလ်တာရာ (ရဲဘ်ာသုံးကျိပ်ထဲက နာမည်ကြီးမုဆိုးဝတ္ထု စာရေးဆရာပေါ့)
 နောက် ဗိုလ်မြင့်ဆွေ။ တစ်ခါ ရဲဘော်သုံးကျိပ်ထဲမှာဗိုလ်နာမည် မခံယူတဲ့ သခင်ထွန်းအုပ်။
 ပြီးတော့ ဗိုလ်ဇင်ယော် (သခင်သန်းညွန့် )ဆိုတာ ဖတ်လို့ ရတယ်။

နာမည်သိမထားတဲ့သူဆိုရင် ဖတ်လို့ ရမယ် မထင်ဘူး။ ၀မ်းနည်းစရာတော့အကောင်းသား။ ကြံတောမှာ
တုန်းက အုတ်ဂူက နောက်ခံ သုံးရောင်ခြယ်နဲ့ ။ခုတော့ ဘာအရောင်မှ မရှိတော့ပါ။ အမြင်မတော်လို့ ပါ။ တာဝန်ရှိတယ်ထင်ရင်၊တာဝန်သိသူများ သွားကြည့်စေချင်ပါတယ်။

ရဲဘော်သုံးကျိပ် အထိမ်းအမှတ်အနေနဲ့ ကျောက်တိုင်လေးတစ်ခု၊ နေရာလေးတစ်ခု၊ကမ္ပည်းလေးတစ်ချပ်
လောက်များ ရှိလေမလားလို့ ။

ရဲဘော်သုံးကျိပ်နဲ့ ပက်သက်တဲ့ အမှတ်အသားလို့ ဘဲဆိုမလား။ ဟိုးအဝေးကြီးကဂျပန်ပြည်မှာတော့
 ရဲဘော်သုံးကျိပ်ကို အဓိက ဦးဆောင်ပြီး စစ်ပညာသင်ပေးခဲ့တဲ့ဗိုလ်မှူးကြီး ဆူဇူကီး (ဗိုလ်မိုးကြိုး)
နေတဲ့ ရွာမှာ အထိမ်းအမှတ် အောင့်မေ့ဖွယ်ကျောက်စာတိုင်လေး ရှိတယ်။ ရွာနာမည်ကဟာမမတ်စု
(Hamamatsu) တဲ့၊ရှီဇူအိုကနယ် (Shizuoka Prefecture) ကပါ။

ဗိုလ်မိုးကြိုးရဲ့ အုတ်ဂူလည်း အဲဒီမှာရှိတယ်။ သူ့ ဇာတိရပ်တဲ့။ နောက် ဂျပန်-မြန်မာ ချစ်ကြည်ရေးကျောက်
စာတိုင်တစ်ခုရှိတယ်။ အပေါ်ခေါင်းစဉ်က ဗမာလို ရေးထားတယ်။ “ဂျပန်-မြန်မာ ချစ်ကြည်ရေး တည်မြဲပါစေ” တဲ့။အောက်မှာတော့ ဂျပန်လို အများကြီးပေါ့။ 

ဒုတိယ ကမ္ဘာစစ်တုန်းက မြန်မာပြည်စစ်မြေပြင်မှာ ဂျပန်စစ်သည် တစ်သိန်းခြောက်သောင်း
ခုနစ်ထောင်ကျော် ကျဆုံးကြောင်း၊ အဲဒီထဲမှာ သူတို့ နယ်က စစ်သည် နှစ်ထောင့်ခုနစ်ရာကျော်
ပါဝင်ကြောင်း လှလှပပ သပ်သပ်ရပ်ရပ်လေးပါ။ တဆက်တည်း ရေးသားထာတာကဒီအထိမ်းအမှတ်
လေးဟာ ဗမာပြည်စစ်မြေပြင်မှာ အသက်ပေးသွားတဲ့ဂျပန်စစ်သည်တွေရဲ့ ဝိညာဉ်တွေကို ဖြေသိမ့်ပေးနိုင်ဖို့ နဲ့  ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းအချက်အလက်တွေ ရေရှည်တည်တံ့စေဖို့ မှတ်တမ်းတင်ခြင်း
 ဖြစ်ပါတယ်တဲ့။ဂျပန်-မြန်မာ ချစ်ကြည်ရေးကိုလည်း ထာဝရ တည်တံ့စေရန် ရည်ရွယ်တယ်လို့ 
အဆုံးသတ်ထားတယ်။ အဲဒီနေရာမှာ ၁၉၄၀ ပြည့်နှစ်က ဗိုလ်ချုပ်အောင်ဆန်းဟာဗိုလ်မှူးကြီး ဆူဇူကီးနဲ့ 
 လွတ်လပ်ရေးလှုပ်ရှားမှုအတွက် လျှို့ ဝှက်အစီအစဉ်ချခဲ့ပါတယ် (ရဲဘော်သုံးကျိပ်သမိုင်းရဲ့  နိဒါန်းပေါ့)။ အားတော့နာတယ်။ အဲဒီတုန်းကသူတို့ က ဖက်ဆစ်နော်၊ ကျဆုံးသွားတဲ့ သူတို့ ရဲ့ စစ်သည်တွေကို ဂုဏ်ပြုတယ်။

ဇင်ယော်တို့ ၊ လင်းယုန်တို့  လေထဲမှာ ပျံဝဲခဲ့တာ လူထုအတွက်။ ခုတော့..မြောင်းထဲမှာ။ ဗွက်တော မြက်တော အမှိုက်တောမှာ။ ကျွန်တော် ကားဆီပြန်တော့ လိုက်ပို့ တဲ့ညီငယ်က “အစ်ကို ခြေထောက်ဆေးဦးလေ” တဲ့။ ဟုတ်သားဘဲ။

ထိန်ပင်က ပြန်ထွက်လာတော့ ရန်ကုန်ပြန်မယ့်ဘက်က “ဆံပင်ဝယ်သည်” လို့ ဆိုင်းဘုတ်အကြီးကြီး
ရေးထားတဲ့ဆိုင်က ခပ်ကျယ်ကျယ် သီချင်းဖွင့်သံလေးကြားလိုက်ရတယ်။

“ဗမာ့လွတ်လပ်ရေးအတွက်... တပ်မတော်ဖွဲ့ ဖို့  ဂျပန်ပြည်မှာကွယ်...
တကယ်ဘဲ အသက်နဲ့ လဲလို့ ... ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်...
သူရဲကောင်းတဲ့... ဗိုလ်အောင်ဆန်းနဲ့  အာဇာနည်တွေရယ်...” တဲ့.....။

ကျော်ကျော်

(ပြည်သူ့ ခေတ်ဂျာနယ် အတွဲ ၄၊ အမှတ် ၁၆၁ မှ ကျော်ကျော် ၏
“ရဲဘော်သုံးကျိပ်ကို ထိန်ပင်သုသာန်က လှိုင်သာယာ အမှိုက်ပုံဘေးမှာ
ပြန်လည်တွေ့ ရှိခြင်း” မှ ကူးယူပါသည်)

Credit to Aungmyo Tun 

Wednesday, September 4, 2013

ဘုရားရှင်၏အံ့ဖွယ်တော် ၁၈ ပါး



(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရြှိုခင်း။

(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။

(၃) တောထွက်တော်မူစဉ်ကပယ်ဖြတ်မူသောဆံတော်သည်လက်နှစ်သစ်မျှသာတစ်သက်ပတ်လုံး တည်တော်မူခြင်း။

(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။

(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။

(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။

Tuesday, September 3, 2013

အမွန်မြတ်ဆုံးနှလုံးသားပိုင်ရှင်အဘိုးအို



တစ်ကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ပါ၊ အသက် ၇၄ နှစ်ရှိနေပြီဖြစ်တဲ့ ဆိုက်ကား ( သုံးဘီးတပ်လန်ချား
တစ်မျိုး) နင်းသူ Bai Feng Li တယောက်ဟာ ၁၉၇၈ ခုနှစ်မှာ ဇာတိမြို့လေးကို သူ့ရဲ့ကာယအား   စိုက်
ထုတ်ရတဲ့ ဆိုက်ကား(ဒီမှာတော့ ဆိုက်ကားလို့ပဲသုံးသွားပါမယ်) နင်းတဲ့အလုပ်ကနေ အပြီးတိုင်အနားယူ
ပြီးအေးဆေးစွာနေထိုင်ဖို့ပြန်လာခဲ့ပါတယ်။

သူ့မြို့ကိုပြန်ရောက်တော့ ကျောင်းနေရမည့်အရွယ် ကလေးတွေဟာ လယ်ကွင်းတွေထဲမှာအလုပ်လုပ်နေ
ကြတာကိုတွေ့ရပါတယ်။ အမှန်တော့ ဒီကလေးတွေဟာ ကျောင်းတောင်မထားနိုင်လောက်အောင်သူတို့
မိဘများကဆင်းရဲကြလို့ပဲဖြစ်ပါတယ်။

ဒါနှင့်ပဲ Bai ဟာ ထျန်ကျင်း( Tianjin ) မြို့ကိုပြန်သွားခဲ့ပြီး ဆိုက်ကားပြန်နင်းတဲ့အလုပ်ကိုလုပ်နေခဲ့ပါတယ်။
ဘူတာရုံနားကအိမ်ခန်းငယ်လေးမှာ ခြိုးခြံချွေတာစွာနေခဲ့ပြီး ၂၄ နာရီပတ်လုံးသူ့  ဆိုက်ကား စီနင်းမည့်သူ
တွေအတွက်စောင့်နေခဲ့ပါတယ်။ သူဟာခြိုးခြံချွေတာစွာလည်းစားသုံးခဲ့ပြီး အ၀တ်အစားတောင်မှသူများပေး
တဲ့ တစ်ပတ်နွမ်းများသာဝတ်ဆင်ပါတယ်။

ခန္ဓာကိုယ်အပျော့ပြောင်းဆုံးမိန်းမချောလေး


မင်္ဂလာပါဒီနေ့တင်ပြပေးသွားမှာကတော့ ကမ္ဘာ့အပျော့ပြောင်းဆုံး အမျိုးသမီးတစ်ဦးဖြစ်တဲ့ Julia Günthel aka Zlata ပဲဖြစ်ပါတယ်။ ဒီဘလော့မှာတော့မှတ်ရလွယ်အောင် ဇယ်လ်တာ လို့ပဲသုံးသွားမှာဖြစ်ပါတယ်။

Monday, September 2, 2013

သားဖြစ်သူကိုသံကြိုးခတ်၍ဂူထဲတွင်ထားသူ


၃၀-၈-၂၀၁၃
ဖခင်ဖြစ်သူ Cheng Yuanchao သားဖြစ်သူ Cheng Xiangtao သူထံသို့သွားရောက်ကြည့်ရှုစဉ်

ယခုဖော်ပြသွားမှာကတော့ တရုတ်နိုင်ငံကအကြောင်းဖြစ်ပါတယ်။ သားဖြစ်သူ စိတ်လည်းမနှံ့ မျက်စိလည်း
မမြင်တဲ့သားဖြစ်သူကို သူတို့အိမ်မရှိတော့တဲ့နောက်ပိုင်း ဂူတစ်ခုထဲမှာ သံကြိုးခတ်ထားခဲ့တဲ့အကြောင်းဖြစ်
ပါတယ်။

ဖခင်ဖြစ်သူ Cheng Yuanchao - ၇၀ နှစ်ဟာ မွေးကတည်းက မျက်စိလည်းမမြင် စိတ်လည်းမနှံ့တဲ့ သား
ဖြစ်သူ Cheng Xiantao ကို Chengling ရွာ၊ Henan စီရင်စု မှာရှိတဲ့ကျောက်ဂူတစ်ခုထဲမှာ သံကြိုးခတ်လို့
ထားခဲ့ပါသတဲ့။ သူတို့အိမ်မရှိတော့တဲ့အတွက် ဖခင်ဖြစ်သူ Cheng Yuanchao သမီးဖြစ်သူနဲ့သွားနေရမှာ
မို့ ဒီလိုလုပ်ရတယ်လို့ဆိုပါတယ်။

ထူးဆန်းတဲ့တိမ်တိုက်



မင်္ဂလာပါ
စကော့တလန်နိုင်ငံ က Jamie O'Connell  ဟာ ၀ီလီယံခံတပ်ရှေ့မှာ သူ့ခွေးကလေးနှင့်လမ်းလျှောက်နေတုန်း အထက်

ဖော်ပြပါပုံမှာမြင်ရတဲ့အတိုင်း ထူးဆန်းတဲ့တိမ်တိုက်ဖြစ်ပေါ်နေတာကိုတွေ့ရှိခဲ့ရပါတယ်။ အဲဒါနှင့် အိုကော်နယ် လည်း

ဓါတ်ပုံရိုက်ယူခဲ့ပါသတဲ့။ အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ အိုကော်နယ် ဟာ အံသြလွန်းလို့ ပါးစပ်အဟောင်းသားဖြစ်ခဲ့ရပါ

တယ်လို့ပြန်ပြောပြခဲ့ပါတယ်။

ဒါကိုတွေ့မြင်ခဲ့ရတဲ့ လူအများစုကတော့ ဒါဟာ ဘုရားသခင်ရဲ့သင်္ကေတပဲဖြစ်ရမယ် လို့ယူဆကြပြီး၊   အိုကော်နယ်က

လည်း ဘုရားသခင်က ငါတစ်ယောက်ယောက်ကို စိတ်ပျက်တယ် လို့ပြောတာဖြစ်ကြောင်း ယူဆပါကြောင်းတင်ပြလိုက်

ရပါတယ်ခင်ဗျား ။


Ref : weather.aol.com