၃၀-၈-၂၀၁၃
ဖခင်ဖြစ်သူ Cheng Yuanchao သားဖြစ်သူ Cheng Xiangtao သူထံသို့သွားရောက်ကြည့်ရှုစဉ် |
ယခုဖော်ပြသွားမှာကတော့ တရုတ်နိုင်ငံကအကြောင်းဖြစ်ပါတယ်။ သားဖြစ်သူ စိတ်လည်းမနှံ့ မျက်စိလည်း
မမြင်တဲ့သားဖြစ်သူကို သူတို့အိမ်မရှိတော့တဲ့နောက်ပိုင်း ဂူတစ်ခုထဲမှာ သံကြိုးခတ်ထားခဲ့တဲ့အကြောင်းဖြစ်
ပါတယ်။
ဖခင်ဖြစ်သူ Cheng Yuanchao - ၇၀ နှစ်ဟာ မွေးကတည်းက မျက်စိလည်းမမြင် စိတ်လည်းမနှံ့တဲ့ သား
ဖြစ်သူ Cheng Xiantao ကို Chengling ရွာ၊ Henan စီရင်စု မှာရှိတဲ့ကျောက်ဂူတစ်ခုထဲမှာ သံကြိုးခတ်လို့
ထားခဲ့ပါသတဲ့။ သူတို့အိမ်မရှိတော့တဲ့အတွက် ဖခင်ဖြစ်သူ Cheng Yuanchao သမီးဖြစ်သူနဲ့သွားနေရမှာ
မို့ ဒီလိုလုပ်ရတယ်လို့ဆိုပါတယ်။
ဂူနေလူသားတစ်ယောက်လိုဖြစ်နေသည့် Cheng Xiantao ၂၆ နှစ် |
နိုင်သလောက်အကောင်းဆုံးလုပ်ပေးထားတာလို့လည်းပြောပါတယ်။ နောက်ပြီးကျွန်တော်သူ့ကိုတစ်နေ့
သုံးကြိမ်သွားပြီး ရေ နှင့် စားစရာစီစဉ်ပေးပါတယ်၊ ဒါကြောင့်သူ့မှာ ဆာလောင်မွတ်သိပ်တာတို့ ရေငတ်
တာတို့ကတော့မရှိပါဘူးလို့ဆိုပါတယ်။ သံကြိုးခတ်ထားမှလည်း သူက ထွက်မပြေးနိုင်တော့မှာပေါ့၊ သူက
မျက်စိလည်းမမြင်တော့ ဟိုသွားဒီသွားနဲ့ သူ့ကိုယ်သူနာကျင်ဒုက္ခရောက်မှုလည်းမဖြစ်စေတော့ဘူးပေါ့လို့
ဖခင်ဖြစ်သူကပြောပါတယ်။
သံကြိုးခတ်ထားပုံ |
ခဲ့ဘူးလို့ပြောပါတယ်။
Cheng Xiangtao-၂၆ နှစ်အားဂူထဲတွင်တွေ့ရစဉ် |
လမ်းလည်းမရှိဘူးလေ ပြီးတော့သူက အ၀တ်လည်းဝတ်ခိုင်းလို့မရ ဒီတိုင်းလွှတ်ထားလျှင် လည်းလျှောက်
ပြေးနေပြီး ထိခိုက်ဒဏ်ရာရမှာစိုးရတယ်လို့ ဖခင်ဖြစ်သူကပြောပါတယ်။
ဆင်းရဲလွန်းလို့ပဲပြောရလေမလားနော်။ ဒါပေမယ့်ဒီပုံတွေကို ဆိုရှယ်မီဒီယာတွေမှာ မြင်ခဲ့ပြီးတဲ့နောက်ပိုင်း
တရုတ်နိုင်ငံသားတော်တော်များများထိန်လန့်တုန်လှုပ်သွားခဲ့ပါတယ်။ တစ်ယောက်ကဆိုလျှင် ဒါဟာတော်
တော်ကိုစိတ်ပျက်ဖို့ကောင်းတဲ့ကိစ္စပဲဗျ၊ သူ့အဖေနဲ့သူ့ရွာသားတွေက ဒီလူအတွက်လုပ်ပေးနိုင်သမျှဟာဒါ
အကုန်ပဲလားလို့ ဆိုပါကြောင်း တင်ပြရင်းနိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။
All Photos & Datas Ref: Daily Mail
No comments:
Post a Comment
ဝေဖန်အကြံပေးသွားကြပါဦးနော်