Pages

Wednesday, August 28, 2013

သီတဂူဆရာတော်ကြီး၏ ဘ၀သမိုင်းတစ်စိတ်တစ်ပိုင်း





သီတဂူဆရာတော်ဘုရားကြီး ဖြစ်လာမည့် မောင်စံသိန်းသည် (၇)နှစ်သားအရွယ်ကပင် တပ်ရွာကျောင်းဆရာတော် အရှင် က္ကုန္ဒ၀ံသထံတွင် ကျောင်းသားငယ်အဖြစ်စတင်ပညာသင်ယူသည်...။

( ၁၅ ) နှစ်သားအရွယ်တွင် ရှင်သာမဏေ ပြုသည်..။ ဘွဲ့ အမည်မှာ ရှင်ဇောတိက ဖြစ်သည်..။

ကိုရင်ဇောတိက အသက် ( ၁၉ ) နှစ် (၃)လ တွင် သဲကုန်းဆရာတော် အရှင် ဓမ္မစက္ကကို ဥပဇ္ဈပြု၍ ရဟန်းပြုသည်..။ .ရဟန်းဖြစ်လာသောအခါ အရှင်ဥာဏိဿရဖြစ်လာခဲ့သည်..။

ရန်ကုန် ခြောက်ထပ်ကြီး ဘုရားကြီးတိုက်...ထိုမှ ကင်းဘဲလမ်း (ယခု ငါးထပ်ကြီးဘုရားလမ်း ) ရှိ သိမ်ကုန်းကျောင်းသို့  ပညာဆက်လက် ဆည်းပူးရန် ရောက်ရှိခဲ့သည်..။

တာမွေသိမ်ကုန်းကျောင်းမှ ပထမငယ်တန်းအောင်မြင်ပြီးနောက် မင်္ဂလာတောင်ညွန့်  သိမ်ကုန်းကျောင်းတိုက်သို့  ပြောင်းရွှေ့ သီတင်းသုံးခဲ့သည်..။ အလတ်တန်း ၊ အကြီးတန်း အောင်မြင်ခဲ့ပြန်သည်..။အကြီးတန်းတက်နေစဉ် ပဋ္ဌာန်း စာဝါကို ဆူးလေရင်ပြင်ရှိ အဘိဓမ္မာပြန့် ပွားရေး အသင်းကြီး၏ အဘိဓမ္မာ ဆရာကြီး ဦးကျော်ထံတွင် သင်ယူခဲ့သည်..။

အကြီးတန်းအောင်ပြီးနောက် ဓမ္မာစရိယ စာချတန်းအတွက် မန္တလေး ခင်မကန် တိုက် မိုးတားကျောင်းတွင် ဆက်လက်ပညာဆည်းပူးသည်..။

မန္တလေးရှိ နာမည်ကျော် ဆရာတော်ကြီးများထံတွင် စာဝါများလိုက်ခဲ့သည်..။ ဓမ္မာစရိယ စာချတန်း အောင်မြင်သောအခါ သာသနဓဇ ဓမ္မာစရီယဘွဲ့ ရရှိခဲ့သည်..။ ထို့ နောက် သံဃ တက္ကသိုလ်ဆက်လက်တက်ခဲ့သည်..။

သံဃ တက္ကသိုလ်မှ သုံးနှစ်သင်တန်းကို အောင်မြင်သော်လည်း အောင်စာရင်းထွက်ပြီး ဖျက်သိမ်းခံလိုက်ရ၍ အောင်လက်မှတ် မရခဲ့ပေ..။...ဟံသာဂီရိချောင်တွင်...ငယ်၊လတ်၊ကြီး ၊ စာချတန်း စာဝါများကို နေ့ အခါပို့ ချပေးရင်း အနီးစခန်း ဆရာတော်ကြီးထံစာတက်ရန်ကြိုးစားခဲ့သည်..။ အနီးစခန်းဆရာတော်၏ တပည့်အဖြစ် စာတက်ခွင့်ရခဲ့သည်..။

အတူစာတက်သူ ဦးသုမင်္ဂလ (ပထမ မစိုးရိမ် ) ဆက်လက်မတက်တော့...။ ( ယခု ပျံလွန်တော်မူခဲ့ပြီ..)..။.ဦးသီရိန္ဒကလူထွက်သွား၏..။ (၁၉၈၆မှ စ၍ သီတဂူရေစက်တွင် စက်ရုံမှုးကြီးတာဝန်ထမ်းဆောင်သည်..။)

အရှင် ဥာဏိဿရတစ်ပါးတည်းသာ သင်တန်းကလည်းမထွက်...လူလည်း မထွက်ဘဲ ဇွဲနပဲကြီးစွာဖြင့် (၂)နှစ်တိုင်တိုင် ၀ိသုဒ္ဓိမဂ်ကျမ်းကြီးပြီးဆုံးသည်အထိ သင်ယူခဲ့သည်..။

ထို့ နောက် မိလိန္ဒပဥှာကျမ်းကို (၂)နှစ်ကြာ သင်ယူခဲ့ပြန်ပါသည်..။ အရှင်ဥာဏိဿရသည် အနီးစခန်းဆရာတော်ကြီးထံမှ အဆင့်မြင့်ပရိယတ္တိစာပေများနှင့် အင်္ဂလိပ်စာတို့ ကို သေချာကျနစွာ ဇွဲနပဲကြီးစွာ သင်ယူအောင်မြင်ခဲ့သည်...။

ထို့ နောက် သပိတ်အိုင်တောရစခန်းတွင် ..(၄) နှစ်ကြာ ဓူတင်ဆောက်တည်ခဲ့သည်..။ အနီးစခန်းဆရာတော်ကြီးက တရားဟောခိုင်းခဲ့သည်မှစကာ သဲကုန်းဆရာတော်...သပိတ်အိုင်ဆရာတော် ဟူ၍ ဖြစ်လာခဲ့ပါသည်...။

( မင်းယုဝေ၏ သီတဂူဆရာတော် ဒေါက်တာ အရှင် ဥာဏိဿရ၏ ဘ၀ဖြစ်စဉ်အကျဉ်းမှ....အကျဉ်းရုံးထုတ်နှုတ် ပူဇော်ပါသည် )

အသောက အသောက အသောက ၏ဖေ့ဘုတ်စာမျက်နှာမှပြန်လည်မျှဝေပါသည်

No comments:

Post a Comment

ဝေဖန်အကြံပေးသွားကြပါဦးနော်