မြန်မာ့မီဒီယာလွတ်လပ်ခွင့်အဆင့် ၂၀ တက်
ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်တွင်
မြန်မာနိုင်ငံသည် ၂ဝ၁၁ ခုနှစ် ၁၇၉နိုင်ငံတွင် အဆင့်(၁၇၁)ရှိပြီး ယခုလက်ရှိ
အဆင့် (၁၅၁) အထိ မြင့်တက်လာကြောင်း Freedom House
နှင့်ပြင်သစ်နယ်စည်းမခြား သတင်းထောက်အဖွဲ့ တို့က ပြုစုထုတ်ပြန်သည်။
ဒီမိုကရေစီအစိုးရသစ် လက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာန၏စာပေစိစစ်ရေးဖျက်သိမ်း ပြီးနောက်ပိုင်း သတင်းမီဒီယာများ၌ လွတ်လပ် စွာရေးသားဖော်ပြခွင့်ရရှိလာသဖြင့် နိုင်ငံ ၁၇၉ နိုင်ငံတွင် ယခုအဆင့်သို့ရောက်ရှိလာသည့်နောက်
ပိုင်း ၂ဝ၁၁ခုနှစ်တွင်(၁၇၁)အဆင့်မှ အဆင့် ၂ဝ လျော့ကျသွားခြင်းဖြစ်သည်။
အာဆီယံနိုင်ငံများ ၏ သတင်းလွတ်လပ်ခွင့်တွင် ထိုင်းနိုင်ငံသည် နံပါတ်(၁)၊
မြန်မာနိုင်ငံသည် အဆင့်(၇)တွင် ရပ်တည်လျက်ရှိကာ မြန်မာနိုင်ငံ၏အောက်တွင်
လာအိုနှင့်ဗီယက်နမ်တို့ရှိကြောင်း သတင်းလွတ် လပ်ခွင့်ညွှန်းကိန်းများတွင် ဖော်ပြထားသည်။
''မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ စာနယ်ဇင်းကောင်စီတွေ၊
သတင်းမီဒီယာဥပဒေ တွေရှိတယ်။ အဲဒီမှာ သူတို့တွေက ဘာတွေကို ဖြေလျှော့လဲ၊
ဘာတွေကိုကိုင်ထားလဲ။ ဒါတွေ ကိုလေ့လာပြီးဆောင်ရွက်ရင် မြန်မာနိုင်ငံရဲ့
သတင်းလွတ်လပ်ခွင့်က အဆင့်တက်လာမယ်'' ဟု မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ ဝင်ဦးသီဟစောကပြောသည်။
ပြည်သူ့လွှတ်တော်၌ ယခုလ ၁၄ရက်တွင် ဆွေးနွေးအတည်ပြုခဲ့သည့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေ ခြင်းလုပ်ငန်းဥပဒေကြမ်းတွင်ပြန်ကြားရေးဝန်ကြီး ဌာနနှင့် စာနယ်ဇင်းကောင်စီတို့အကြား သဘော တူသည့်အချက်များမပါဝင်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပေးမည်ဟုအမျိုးသားလွှတ်တော်ဒုတိယ
ဥက္ကဋ္ဌက ယခုလ ၂၄ရက် စာနယ်ဇင်းကောင်စီ နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
''အဓိကက ပုံနှိပ်ထုတ်ဝေမှုနဲ့ပတ်သက်ပြီး စာနယ်ဇင်းကောင်စီ က
ထောက်ပြထားတဲ့အချက်တွေရှိတယ်။ လွှတ် တော်မှာတင်ပြီးသား
ပုံနှိပ်ထုတ်ဝေရေးဥပဒေမှာ ပါတဲ့အချက်တွေမှာ ထိန်းချုပ်မှုပါတဲ့သဘောတွေ
ရှိတယ်။ အဲ့ဒါတွေကိုပြင်နိုင်ရင် အဆင့်အတန်း မြင့်လာမှာပါ''ဟု
ဦးသီဟစောကဆိုသည်။
ကမ္ဘာ့နိုင်ငံများ၏ သတင်းမီဒီယာလွတ် လပ်ခွင့်တွင် နော်ဝေ၊ ဆွီဒင်၊
ဒိန်းမတ်ကဲ့သို့သော နိုင်ငံများက ထိပ်ဆုံးမှဦးဆောင်လျက်ရှိပြီး အာရှ တွင်
နံပါတ်(၁)အဆင့်၌ ရပ်တည်နေသည့် ဂျပန် နိုင်ငံသည် ကမ္ဘာတွင် အဆင့် (၅၃)ရှိကြောင်း သတင်းလွတ်လပ်ခွင့်ညွှန်းကိန်းများအရသိရသည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီကရေးဆွဲ၍
လွှတ်တော်သို့တင်နိုင်ရန်အတွက် ဆောင်ရွက် လျက်ရှိသည့်
သတင်းမီဒီယာဥပဒေကြမ်းသည် ပတ်ဝန်းကျင်နိုင်ငံများတွင် ကျင့်သုံးလျက်ရှိသည့်
သတင်းမီဒီယာဥပဒေများကိုလေ့လာ၍ ရေးဆွဲ ထားကြောင်း
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီမှ သိရသည်။
ကျော်ဇ The Union Daily
မြန်မာ့သားကောင်းမှတဆင့်ပြန်လည်မျှဝေသည်
No comments:
Post a Comment
ဝေဖန်အကြံပေးသွားကြပါဦးနော်