Pages

Monday, July 8, 2013

အိတ်ပေါက်နဲ့ ဖါးကောက်နေရသလိုပါဘဲ။

မောင်ထွန်းလွင် (မိုးလေ၀သ) ကျွန်တော့ရဲ့ Facebook, Website, Radio Talks, TV Weather News, Journals and TV Interviews, Journal Articles, Skynet, MRTV 4, DVB, RFA, BBC အားလုံး အားလုံး အခွင့်အရေးရတိုင်း ဒီကိစ္စကို ပြောခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း လည်း တောင်သူလယ်သမားတွေကို ဒုက္ခပင်လယ်ဝေစေခဲ့တဲ့အတွက်လည်း ပိုပြီးဂရုစိုက်ခဲ့ပါတယ်။ ကြိုတင်ကာကွယ်မှုတွေ လုပ်နိုင်ကြရလေအောင် ဒီသတင်းကို ကမ္ဘာ့ထိပ်တန်းသိပ္ပံ အဖွဲ့အစည်းကြီး ဖြစ်တဲ့ NASA အဖွဲကြီးရဲ့ တာဝေး အာရုံခံ ထောက်လှမ်းရေးဂြိုဟ်တုတွေက သတင်းအချက်အလက်တွေ ကို နေ့တိုင်းတစ်နေ့ကို (၆)နာရီတစ်ခါလောက်ကြည့်ခဲ့တယ်။ ကြိုတင် သတိပေးခဲ့တယ်။ ပြောရရင်တော့ ဇွန်လလောက်ကတည်းကသတိပေးနေခဲ့တာ ကနေ့အထိပါဘဲ။ အဲဒီကိစ္စကတော့ ဧရာဝတီတိုင်းအရှေ့ တောင်ပိုင်း၊ ရန်ကုန်တိုင်းတောင်ပိုင်း နဲ့ ပဲခူးတိုင်းတောင်ပိုင်း ဒေသတွေက မြေနိမ့်ပိုင်းတွေ နဲ့ လယ်ကွင်းတွေ ကို ရေဖုံးလွှမ်းနိုင်တဲ့အလားအလာတွေ အလွန်မြင့်မားလာနေတယ် ဆိုတဲ့ အကြောင်းဖြစ်ပါတယ်။ အခုတော့ ကျွန်တော်ပြောတိုင်းအတိုင်းဖြစ်ခဲ့ပြီ။ ကွမ်းခြံကုန်း နဲ့ ကော့မှူးဖက်က လယ်ကွက်တွေ ရေမြုပ်ခဲ့ရပြီ။ လယ်သမားတွေ ထိခိုက်နစ်နာခဲ့ရပြန်ပါပြီ။ ဒီအတွက် နိုင်ငံတော်က ဘာမှမလုပ်ခဲ့ဘူးလားဆိုပြီး နိုင်ငံတော်အပေါ်မှာ စိတ်ခု စရာတွေ အထင်အမြင် လွဲစရာတွေ ဖြစ်လာရပြန်ပါတယ်။ အမှန်ကတော့ နိုင်ငံတော်က ဒီလယ်ယာတွေရေနနစ်မြုပ်မှုမှ အကာအကွယ်ပေးဖို့ ရန်ပုံငွေတွေ ချထားပေးခဲ့ပြီးဖြစ်တယ်။ ဒါပေမယ့် သက်ဆိုင်ရာတာဝန်ရှိတဲ့ ၀န်ထမ်းတွေက တာဝန်ကျေအောင် မလုပ်ခဲ့တာကို သတင်းထောက် ဂျာနယ်သမားတွေက သိသွားလေတော့ လယ်သမားတွေရဲ့ တကယ့် ရင်ဖွင့်သံတွေကို ထုတ်ဖေါ်မရေးဖို့ ဂျာနယ်သတင်းထောက်တွေ ကို ကောင်းကောင်းပြုစု၊ အကြိုအပို့တွေလုပ်ပြီး ပြုစုတဲ့အပြင် သတင်းထောက် တစ်ဦးချင်းကို ငွေ(၂)သောင်းစီပေးပြီး နှုတ်ပိတ်လိုက်တဲ့ အကြောင်းကို ကိုယ်တွေ့ကြုံကာယကံရှင် သတင်းထောက်တစ်ဦးက ၀န်ထမ်းရဲ့အမည်၊ ဌာန၊ပေးတဲ့ငွေ ဓါတ်ပုံအထောက်အထားတွေနဲ့ ဖွင့်ချလိုက်တာကို fb မှာ ဒီကနေ့မနက် သတင်းအဖြစ် ဖတ်လိုက်ရပါတယ်။ ၀န်ကြီးဌာနတွေမှာ နှစ်စဉ်နှစ်တိုင်း ဘတ်ဂျက်တင်တောင်းတဲ့အခါမှာတော့ အစွမ်းကုန်ဥာဏ်တွေထုတ်ပြီး အလုပ်တွေ ထောင့်စေ့အောင် လုပ်ငန်းတွေ တင်ပြပြီး တောင်းတတ်ကြပေမယ့် အကောင်အထည်ဖေါ်တဲ့ နေရာတွေမှာတော့ မရိုးသားမှုတွေ၊ လစ်ဟာမှုတွေ၊ ခြစားမှုတွေ စတာတွေဟာ မျှစားဝေစား စံနစ်တွေနဲ့ ဆောင်ရွက်နေခဲ့ကြတာ ၀န်ထမ်းလောကမှာ နှစ်ပေါင်း များစွာ ကြာမြင့်ခဲ့ပါပြီ။ ဒါကြောင့်လည်း မြန်မာနိုင်ငံဟာ….. မောင်ထွန်းလွင် (မိုးလေ၀သ) =============================================== ကျွန်တ်ာငွေ(၂)သောင်းနဲ့ အစော်ကားခံလိုက်ရတယ်။ ဖိုးစိုးသူ ၂၀၁၃ ဇူလိုင် ၇ ည ၁၀ နာရီ ၂၀ မိနစ် ရန်ကုန်တောင်ပိုင်း ခရိုင်ဆည်မြောင်ဦးစီးဋ္ဌာနမှုး ဦးစိုးလွင် က ပိုက်ဆံ ၂ သောင်းနဲ့ ကျနော် ကို စော်ကားလိုက်တာပါ ။ ကွန်းခြံကုန်း ၊ ကော့မှုး ဘက်က လယ်သမားတွေ လယ်တွေရေတွေ နစ်လို့ လယ်တွေပျက်စီးကြတယ် ။ ဒါကို နိုင်ငံတော် က ရေကြီးရလျှံမှုတွေ ကို လယ်သမားတွေ အတွက် ရေစီးရေလာကောင်း တဲ့ မြောင်းတွေ ဖောက်ပေးဖို့ ဦးစိုးလွင်တို့ကို ဖောက်လုပ်ခွင့်ရတယ် ။ မြောင်းတွေ ဖောက်ပြီးတော့ သတင်းထောက်တွေ ကို ဘန်းပြပြီး ဒေသခံက လူတွေ နဲ့ သူတို့ မြောင်းဖောက်ပေးတာကြောင့် လယ်သမားတွေ အဆင်ပြေကြောင်း ၊ သူတို့ က လယ်သမားတွေ အရေးကို အဓိက ထားဆောင်ရွက်ပေးတယ် ဆိုတဲ့ အကြောင်း လက်ဝါးရိုက်ပြီး ကယ်တင်ရှင် အချိုး ချိုးချင်နေတယ် လေ ။ နိုင်ငံတော် က ဘတ်ဂျက်ချပေးပြီး မြောင်းတွေဖောက်ပေးတဲ့တိုင် ကွန်းခြံကုန်း က လယ်စိုက်ကွင်း အမှတ် ၄၇၁ ၊ ၄၇၂ က လယ်သမားတွေ မှာ ရေကြီးရေလျှံမှုကြောင့် လယ်တွေပျက်စီးနေရတုန်း လယ်သမားတွေအတွက် ဖောက်ပေးထားတဲ့ မြောင်းကလိုအပ်ချက်တွေ ရှိနေတုန်း ဒိသတင်းကို ကျနော် က လယ်သမားတွေ ကို မေးတယ် ။ ရေးလည်း ရေးဖို့တွေးထားတယ် ၊ ဒီသတင်း ကို မင်းမရေးပါနဲ့ တဲ့ .. ဦးစိုးလွင် ကျနော့် ကိုပြောလိုက်တာပါ နိုင်ငံတော် က ဒီစီမံကိန်းအတွက် ချပေးထားတဲ့ ငွေပမာဏ ကို စီမံကိန်းပြီးသွားတဲ့ တိုင်တောင် မဖော်ပြနိုင်တာ လယ်သမား ရဲ့ ရင်တွင်းခံစားချက် ကို လည်း သတင်းမရေးပါနဲ့ တဲ့ ဗျာ .. ည ၇ နာရီရောက်တဲ့ တိုင် ကွန်းခြံကုန်းက မပြန်ရသေးတဲ့ သတင်းထောက် တွေကိုယ်စားသီးခံပြီး ငြိမ်နေပေးပါတယ် ။ လှိုင်သာယာရောက်တော့ ထမင်းဆိုင်မှာ ထိုင်နေတဲ့ အချိန် ကြိုက်တာစား ကြိုက်တာသောက် လုပ်ခိုင်းတယ် ။ ပြည်ထောင်စု့ နေ့စဉ်သတင်းစာ က သတင်းထောက် ပြည့်ဖြိုးအောင် နဲ့ စားသောက်နေတဲ့ သတင်းထောက်တွေ ကို မစောင့်နိုင်တာရယ် ၊ ပြည့်ဖြိုးအောင် ရုံးပြန်ပြီးသတင်းရေးချင်တယ် ဆိုတာကြောင့် ဆက်စောင့်မနေပဲ ကားငှားပြီး ဆိုင်က ထွက်လာခဲ့တယ် ။ ဟေ့ကောင်လေးတွေ နေအုံးတဲ့ ။ ဆိုပြီး စာအိတ် တွေ ထဲ က တစ်ယောက် တစ်အိပ်ထုတ်ပေးတယ် ။ ဘာအချိုး ချိုးတာ ဆိုတာ သိပြီးသားပါ ။ အိတ်ထဲက ပိုက်ဆံတွေ ကို ဓာတ်ပုံရိုက်ပြီးမှ ပဲ အန်ကယ် ကျနော် သတင်းထောက်လုပ်တာ ဒီလို လာဘ်ပေး လာဘ်ယူ ကိစ္စ လုပ်ဖို့ သတင်းထောက်လုပ်တာ မဟုတ်ဘူး ဆိုပြီး ပြန်ပေးခဲ့ပါတယ် ။ ကျနော် နဲက အတူတူ ပြည့်ဖြိုးအောင် ကလည်း လိုက်ပို့တဲ့ ကားသမား ကို စာအိတ်ပြန်ပေးခဲ့တယ် ။ လယ်သမားတွေ အတွက် ချထားပေးတဲ့ မြောင်း ကို ကုန်ကျငွေ ဘယ်လောက် နဲ့ တည်ဆောက်ပေးထားတာ ပါလို့ မပြောနိုင်ပဲ ပိုက်ဆံ ၂ သောင်း နဲ့ သတင်းထောက်တွေ ကို ပါ အဖော်ခေါ် ပြီး သူခိုးဇာတ်ခင်း စော်ကားလိုက်တယ် ။ ဒါတင်မကဘူး ။ လယ်သမားတွေ ( အရိုးခံတွေ ရဲ့ အသံတွေ ကိုပါ သတင်းလုပ် မရေးပါနဲ့တဲ့ ) အိမ်ပြန်ဖို့ အခက်ခဲရယ် ၊သတင်းတင်အောင် ပြန်ရမဲ့ ပြည့်ဖြိုးအောင် ရယ် ကြောင့် ဘာမှ ပြန်ပြီးခွန်းတုန့်ခံပြောမနေပဲ ကျနော် ပိုက်ဆံယူပြီး သတင်းထိန်ချန် ၊ သတင်းရေး တဲ့ ကောင် မဟုတ်ဘူး လို့ပဲပြောခဲ့ပြီး ပဲ ပြန်လာခဲ့တယ် ဖိုးစိုးသူ ၂၀၁၃ ဇူလိုင် ၇ ည ၁၀ နာရီ ၂၀ မိနစ်



Tun Lwin မှပြန်လည်ကူးယူဖေါ်ပြထားခြင်းဖြစ်ပါတယ်

No comments:

Post a Comment

ဝေဖန်အကြံပေးသွားကြပါဦးနော်