တောဆင်ရိုင်း ၀င်ရောက်ဖျက်ဆီးခဲ့သဖြင့် ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ
နေပြည်တော်၊ ဇွန် ၃၀
၂၉-၆-၂၀၁၃ ရက်နေ့ ၀၂၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊
ဥက္ကံမြို့ အရှေ့ဘက်(၁၅)မိုင်ခန့်အကွာ၊ ကုန်းပေါ်တန်းကျေးရွာအတွင်းသို့
တောဆင်ရိုင်းတစ်ကောင် ၀င်ရောက်ကာ ရွာအတွင်းရှိ တဲ(၂)လုံးအား ဖျက်ဆီးခဲ့သည်။
ထိုသို့ဝင်ရောက်ဖျက်ဆီးမှုကြောင့်
၎င်းရွာနေ စိုးမင်းဝင်း (ခ)ကုလား(၂၇)နှစ်မှာ ဆင်နင်းခံရမှုကြောင့်
ဝမ်းဗိုက်ဖူးရောင်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ
မစိုးစိုး(၂၅)နှစ်တွင် ခန်္ဓာကိုယ်အောက်ပိုင်း၊ ခြေသလုံး၊ ပေါင်တို့တွင်
ဆင်နင်းခံရမှုကြောင့် သတိ မေ့မြောကာ သားဖြစ်သူ မောင်ချစ်မိုးဦးတွင် ၀ဲပါး၊
ဝဲနားထင်ပွန်း ဒဏ်ရာများရရှိခဲ့ကာ တောဆင်ရိုင်းမှာ ရွာအတွင်းမှ
ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများအား တိုက်ကြီးဆေးရုံသို့ တင်ပို့ ကုသ၍ ဥက္ကံနယ်မြေရဲစခန်းသေမှုသေခင်းအမှတ်စဉ်
(၄/၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည် ဖေ့ဘုတ်စာမျက်နှာမှ
No comments:
Post a Comment
ဝေဖန်အကြံပေးသွားကြပါဦးနော်