Pages

Sunday, August 4, 2013

ယနေ့ထုတ်မြန်မာ့အလင်းနှင့်ကြေးမုံ


News Light of Myanmar - 4-8-2013


The Mirror Daily _4-8_new


သစ်ထူးလွင်မှဖြစ်ပါသည်

Saturday, August 3, 2013

လှိုင်သာယာစက်မှုဇုန်မီးလောင်မှုပုံများ

DSC 0042 DSC 0046 DSC 0047 DSC 0048

DSC 0049 DSC 0050 DSC 0051 DSC 0052

DSC 0053 DSC 0054 DSC 0058 DSC 0063

DSC 0065 DSC 0066 DSC 0073 DSC 0078

DSC 0079 DSC 0080 DSC 0081 DSC 0083

ညကလှိုင်သာယာရွှေလင်ပန်းစက်မှုဇုန်မီးလောင်မှုဖြစ်ပွားခဲ့တဲ့မှတ်တမ်းပုံတွေပါ ၊ ပုံတွေကဖုန်းနဲ့ရိုက်ထားတာမို့သိပ်မကောင်းတာကြောင့်သည်းခံပေးစေလိုပါတယ်ခင်ဗျာ။ ပုံများပေးပို့သော - အိပ်မက်နတ်သားလေး (from facebook) ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။

Thursday, August 1, 2013

ဆန်စေးအရေဖျော် - ရှမ်းအစားအစာ


လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆန်စေးခေါက်ဆွဲဖတ်၊ အသားကောင်းကောင်းဝက်သား၊ ၀က်နံရိုး၊ ခရမ်းချဉ်သီး၊ နာနတ်ပွင့်အနည်းငယ်၊ မြေပဲလှော် (မကြိုက်ရင်မထည့်ပါနဲ့)၊ နှမ်းလှော်၊ ပဲငံပြာရည်အပျစ်၊ ပဲငံပြာရည်အကျဲ၊ ဆား၊ သကြား၊ ငရုတ်သီးခွဲခြမ်း၊ တရုတ်နံနံပင်၊ ကြက်သွန်မြိတ်၊ ငရုတ်ကောင်းမှုန့်၊ ဟင်းခတ် မှုန့်အနည်းငယ်နဲ့ ဆီတို့ပါနော်။

ဟင်းရည်အတွက် ၀က်နံရိုးကို အရွယ်တော်လေးတွေဖြစ်အောင် တုံးပြီး ရေထည့်ပြီး မီးဖိုပေါ်တင်ပြီး တစ်ရည်ပွက်အောင် တည်ပြီး အဲ့ဒီတစ်ရည်ကို သွန်ပစ်လိုက်ပါ။ ပြီးတော့မှ ၀က်နံရိုးကို ဆား၊ သကြား၊ အချိုမှုန့်တို့နဲ့နယ်၊ မီးဖိုပေါ် အိုးတင်ပြီးတော့ ဂျင်းအ၀ိုင်းလိုက်လှီးထည့်ပြီး ပထမလုံးရေလေးနဲ့ တစ်ရေ ခမ်းအောင်တည်ပါ။ ပထမတစ်ရည်ခမ်းပြီဆိုမှ နောက်ထပ် ဟင်းရည်အိုးထဲ ရေထပ်ထည့်ပြီး ဟင်းရည်အိုး ပွက်ပွက်ဆူပြီး နံရိုးနူးတဲ့အထိ တည်ပေးပါ။ နံရိုးနူးလောက်ပြီဆိုမှ ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်ပါ။ မီးအသင့်အတင့်နဲ့ ဟင်းရည်အိုးကို ဆူအောင် တည်ပေးထားပါ။ ကြိုက်တတ်ရင်တော့ ဟင်းရည်အိုးထဲကို တရုတ်နံနံပင်အရိုးလေးတွေ ထုထည့်ပေးပါဦးနော်။

အသားဟင်းအတွက် ၀က်သားကို ရွေးပါတယ်။ ၀က်သားကို အဆီအခေါက်မပါ၊ အသားချည်းသပ်သပ် တောက်တောက်စင်းပြီး ဆား၊ အချိုမှုန့်၊ သကြား၊ ချင်းနုပ်နုပ်စင်းတို့နဲ့ ရောနယ်ပါ။ ကြက်သွန်ဖြူနီနဲ့ ငရုတ်သီးကို ထောင်းပါ။ ခရမ်းချဉ်သီးပါးပါးလှီးပြီး နုပ်နုပ်စင်းပါ။ အဆင်သင့် ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ပြီးတော့ ဆီထည့်၊ ထောင်းထားတဲ့ ကြက်သွန်ဖြူနီငရုတ်သီးကို ထည့်ပြီး ဆီသတ်၊ နာနတ်ပွင့်လေး နှစ်ဖတ်လောက်ထည့်ပြီး မွှေပါ။ ပြီးရင် ခရမ်းချဉ်သီးထည့်၊ ခရမ်းချဉ်သီးဖတ်လေးတွေ လိပ်တက်လာပြီဆိုရင် တော့ နုတ်နုတ်စင်းထားတဲ့ အသားလေးတွေထည့်ပြီး မွှေပါ။ ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက် နှစ်မျိုးလုံးထည့်ပါ။ ငံပြာရည်နည်းနည်းလောက်ထည့်ပါ။ ရေနည်းနည်းလောက်ထည့်၊ ခဏတည်ထားပြီး အသားလည်း နူး၊ ဆီလည်းပြန်လာပြီဆိုလျှင် ဟင်းအနှစ်ကျက်ပါပြီ။

တခြား မရှိမဖြစ် လိုအပ်တဲ့ အဆာပလာတွေကတော့ မြေပဲလှော်ကို အခွံနွှာပြီး မညက်တညက်လေး ထောင်းထားပေးပါ။ နှမ်းစေ့ကိုလည်း လှော်ပေးထားပါနော်။ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ဆီချက်ကြော်၊ ဆီချက်ရပြီဆိုရင် ပန်းကန်လုံးထဲ ပြောင်းထည့်၊ ပြီးတော့မှ ငရုတ်သီးခွဲခြမ်းမှုန့်ကို ဆီထဲ လှိမ့်ပြီး ငရုတ်သီးကြော်လေးလုပ်၊ အရမ်းမတူးခင်မှာ အမြန်ချလိုက်နော်။ ပဲငံပြာရည် အပျစ်ကို ပန်းကန်လုံးထဲထည့်၊ ပြီးတော့ဟင်းချိုရည်လေး နည်းနည်းနဲ့ စပ်ထားပါ။ကြက်သွန်မြိတ်၊ နံနံပင် ပါးပါးလှီးထားပါ။

စားပွဲပြင်ခါနီးတဲ့အခါ စကာလေးထဲကို ဆန်စေးဖတ်ထည့်၊ ပြီးတော့မှ ပွက်ပွက်ဆူနေတဲ့ ဟင်းချိုရည်အိုးထဲ ထည့်ပြီး တူနဲ့ မြီးရှည်ဖတ်တွေကို ဟိုဘက်ဒီဘက်လှည့်ပေးပါနော်။ဆန်စေးဖတ်အိပြီ ဆိုရင်တော့ ရေစစ်ပြီးတော့မှ စားပွဲပြင်မယ့် ပန်းကန်ထဲကို ထည့်ပါနော်။

စားပွဲပြင်မယ်ဆိုရင် မုန့်ဖတ်လေးထည့်၊ ဟင်းရည်ပူပူလေးကိုထည့်၊ ၀က်နံရိုးနူးအိအိလေးပါအောင်ခပ်ထည့် ပါနော်။ ပြီးတော့အသားဟင်းထည့်၊ မြေပဲလှော်ထောင်း၊ နှမ်းလှော်၊ ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးကြော်လေးထည့်ပြီး စားရုံပဲနော်။ ဟင်းရည်ပူပူလေးကို ပန်းကန်လုံးလေးထဲ ထည့်၊ ပြီးတော့မှ ငရုတ်ကောင်းမှုန့်လေးခပ်၊ ကြက်သွန်မြိတ်လေးဖြူးပြီး မုန်ညင်းချဉ်နဲ့ တွဲဖက်စားသုံးပါနော်။ အားပေးကြပါဦး နော်။

ပိတ်ရက်မှာ မိသားစုတွေစုံလို့ တစ်ခုခု လုပ်စားချင်ရင်ပဲ ဖြစ်ဖြစ်၊ ထမင်းစားချင်စိတ်မရှိဘဲ ခံတွင်းပျက်နေတဲ့အခါပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေစုံလို့ မုန့်တစ်ခုခုလုပ်စားမယ်ဆိုတဲ့ အခါပဲဖြစ်ဖြစ် အလွယ်တကူနဲ့ စားလို့မြိန်စေမယ့် ရှမ်းအစားအစာလေးတစ်မျိုးပါနော်။

By Lulucooking
သတင်းချစ်သူ - ဝေဟင်ဖေ့ဘုတ်မှဖြစ်ပါသည်

တေးဂီတပညာရှင် ကြယ်တစ်ပွင့် ကြွေလွင့်ခြင်း

ကွယ်လွန်သူတေးရေးဦးထွန်းရင်(ခ)နေထွဏ်းဦး အသက် (၅၈ )နှစ်
မြန်မာ့ ဂီတလောကတွင် လွန်ခဲ့သေ နှစ်ပေါင်း(၄၀)ခန့် ကထဲက တေးသီချင်း များစွာ ရေးသားခဲ့ပြီး အောင်မြင်သော အဆိုတော်များ ဖြစ်သည့်- အနိုင်၊ အောင်သူ၊ မင်းအောင် ၊ ပိုင်ဆက်ကျော်၊ ဇေယျာနိုင်၊ စိမ့်နေခြည်၊ အိအိချွန်တို့၏ အောင်မြင်သော တေးသီချင်းများ ကိုရေးသား သီကုံးပေးခဲ့သော  နိုင်ငံကျော် တေးရေးပညာရှင် ရွှေပြည်သာမြို့ နယ် ဂီတအစည်းအရုံး တွဲဘက်အတွင်းရေးမှူး ဦးထွန်းရင်(ခ)နေထွဏ်းဦး အသက်(၅၈)နှစ်သည် ( ၃၀-၇-၂၀၁၃)ရက်၊ ဗုဒ္ခဟူးနေ့၊ နေ့လည်(၁၂း၀၀)နာရီတွင် အင်းစိန်သီရိစန္ဒာ ဆေးရုံတွင်
ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

စင်ကြယ်မြတ်နိုး

by Myanmar News Now
သစ်ထူးလွင်မှတဆင့်ပြန်လည်ဖော်ပြပါသည်။

ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာ

မြန်မာ့အလင်း



18newsm

ကြေးမုံ
18newsk

သစ်ထူးလွင်မှဖြစ်ပါသည်